စံချိန်သစ်တင်လိုက်တဲ့ Crash Landing on You

၁၈  ဖေဖော်ဝါရီ

တောင်ကိုရီးယားဇာတ်လမ်းတွဲ Crash Landing on You ဟာ tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေအနက် ကြည့်ရှုသူအများဆုံး  ဇာတ်လမ်းတွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲဟာ tvN ရုပ်သံလိုင်းအတွက် ကြည့်ရှုသူ ၂၀ ရာခိုင်နှုန်းကျော်လွန်ခဲ့တဲ့ ဇာတ်လမ်းတွဲအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆန်းရယ်ဂျင်တို့ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားတဲ့ Crash Landing on You ရဲ့ နောက်ဆုံးအပိုင်းဟာ ကြည့်ရှုသူ ၂၁ ဒသမ ၆၈၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်က ကြည့်ရှုသူအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ၂၀၁၇ ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ Goblin ရဲ့ စံချိန်ကို ကျော်လွန်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ တေးသီချင်းကို တေးသံရှင် အိုင်ယူက ဖေဖော်ဝါရီ ၁၅ ရက်မှာ စတင်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး အဆိုပါတေးသီချင်းဟာ လတ်တလောမှာ တေးဂီတဇယားများစွာမှာ နံပါတ်တစ်နေရာကို ရယူထားကြောင်းလည်း သိရပါတယ်။ ဒီတေးသီချင်းဟာ ကိုးနှစ်တာ ကာလအတွင်း ပထမဆုံးထုတ်လွှင့်တဲ့ အိုင်ယူရဲ့ ဇာတ်ဝင်တေးလည်း ဖြစ်ပါတယ်။

အေးပြည့်