COVID-19 ကုသရေးဌာန (သုဝဏ္ဏ) တည်ဆောက်ရေးလုပ်ငန်းများပြီးစီး၍ ယနေ့ စက်တင်ဘာလ (၁၉) ရက် ညနေပိုင်းမှ စတင်၍ လူနာများ လက်ခံကုသပေးမည်

ရန်ကုန် ၁၉ စက်တင်ဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် COVID-19 ကုသရေးဌာန(သုဝဏ္ဏ)အား တည်ဆောက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့်အတွက် ယနေ့ စက်တင်ဘာလ (၁၉) ရက် ညနေပိုင်းမှစတင်၍ လူနာများလက်ခံ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ကုသရေးဌာန(သုဝဏ္ဏ) သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး၍ ကုသရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

#MRTV