COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃)ဦးတွေ့ရှိ

(၆-၇-၂၀၂၀)  ရက်နေ့၊  ည (၈:ဝ၀)နာရီ

၁။    (၆-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ(၆၅၄)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၂၈၂) ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀ဝ၀) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၂) ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ (၁၂၈) ခု၊ စုစုပေါင်း (၁၃၂၆)ခုအား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ-

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃)ဦး တွေ့ရှိရပါသည်။ 

၂။    (၆-၇-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၆) ဦးရှိပါသည်။

၃။    ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case-255, 259, 262, 292) တွေ့ရှိရသဖြင့် စုစုပေါင်း (၂၄၅)ဦးရှိပြီး ၎င်းတို့အနက် (၂၂၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

၄။    ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ 

၅။    (၅-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:ဝ၀) နာရီမှ (၆-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:ဝ၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် (၂၉) ဦး ရှိပါသည်။

Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန