​​​​​​​COVID-19 ရောဂါဆိုင်ရာ အမေး ၊ အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

နေပြည်တော်၊  ၁၈  ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

 

ဇန်နဝါရီ ၁၉ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပညာရှင်များဖြစ်ကြသည့် ရောဂါနှိမ်နင်းရေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ညွန့်နှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာထွန်းအောင်ကြည်တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။         

  

သတင်းစဉ်