COVID-19 Vaccination Fund အတွက် အလှူငွေများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ Website မှတစ်ဆင့် လှူဒါန်းနိုင်သည့်နည်းလမ်းများအား ထပ်မံအသိပေးကြေညာချက်

 

၁။   COVID-19 Vaccination Fund အတွက် အလှူငွေများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် (http://www.mopfi.gov.mm) သို့ ဝင်ရောက်၍ အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပြီဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်-

 

  • ပြည်တွင်းဘဏ်အသီးသီးမှ ထုတ်သော MPU Debit/Credit Card များဖြင့် ငွေပေးချေ လှူဒါန်းခြင်း၊
  • ပြည်တွင်းဘဏ်အသီးသီးမှ ထုတ်သော Visa/Master Credit Card များဖြင့် ငွေပေးချေ လှူဒါန်းခြင်း၊
  • ပြည်ပဘဏ်အသီးသီးမှ ထုတ်သော Visa/Master Debit & Credit Card များဖြင့် ငွေပေးချေ လှူဒါန်းခြင်း၊
  • Mobile Wallet များဖြစ်သော CB-pay, KBZ-pay, OK$ တို့ဖြင့် QR Code မှတစ်ဆင့် ငွေပေးချေလှူဒါန်းခြင်း၊ (အခြား Mobile Wallets များဖြင့် အသုံးပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားပါမည်)
  • KBZ ဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ UAB ဘဏ်၊ MAB ဘဏ်တို့၏ Internet/Mobile Banking App များမှတစ်ဆင့် ငွေပေးချေလှူဒါန်းခြင်း၊ (အခြားဘဏ်များ၏ Internet/ Mobile Banking App များဖြင့်အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားပါမည်)
  • City Mart, Marketplace, Sein Gay Har, Aeon Orange စသည့်စူပါမားကက်များ၊ Denko Mini Market, Fun Fun Mart, ABC Convenience Store, Oasis စသည့် မီနီမတ်နှင့် စတိုးဆိုင်များ၊ M-Pitesan, True Money, MyTelPay စသည့် မိုဘိုင်း ဝေါလက်အေးဂျင့်များ၊ Any Call, e-City, Lu Gyi Min, Mr. Fone စသည့် မိုဘိုင်း ဖုန်းဆိုင်များ၊ Wai Yan Electronics ဆိုင်နှင့် Near Me logo ဖြင့် လက်ခံသောဆိုင်များတွင် Over-the-Counter အဖြစ် ငွေသားဖြင့် လှူဒါန်းခြင်း။

 

၂။   သို့ပါ၍ ပြည်တွင်းနေရာဒေသ အသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ခွဲများနှင့် အခြားပြည်တွင်းပုဂ္ဂလိက ဘဏ်အသီးသီးတွင် ငွေသားဖြင့် လှူဒါန်းနိုင်မည့်အပြင် အထက်ပါအီလက်ထရောနစ် နည်းအမျိုးမျိုးဖြင့် ပြည်တွင်း/ပြည်ပမှ တိုက်ရိုက်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန