COVID-19ကာလ ပဲခူးမြို့အတွင်း ဆွမ်းဆန်အလှူခံရပ်နားထားသော သီလရှင်စာသင်တိုက်များသို့ အခြေခံ စားကုန်များလှူဒါန်း

၂၀ စက်တင်ဘာ

 

ပဲခူးမြို့ ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့၏ ဦးဆောင်ပံ့ပိုးမှု အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် COVID-19ကာလ ပဲခူးမြို့အတွင်း ဆွမ်းဆန်အလှူခံရပ်နားထားသော သီလရှင်စာသင်တိုက်များသို့ ယနေ့ နံနက်ပိုင်းက အခြေခံစားကုန်များ သွားရောက်လှူဒါန်းပေးကြကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ အလှူရှင်များသည် ဟံသာဝတီရပ်ကွက်အတွင်းရှိ တေသာတိကာရာမ သီလရှင် စာသင်တိုက်သို့ သွားရောက်ပြီး အဆိုပါသီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေထိုင်သည့် သီလရှင် ဆရာကြီး၊ ဆရာလေး(၄၉)ပါးအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ အချိုမှုန့်၊ ခေါက်ဆွဲထုပ်နှင့် ကြာဇံထုပ်များအား လှူဒါန်းပေးခဲ့ကြသည်။

 

ထို့နောက် အလှူရှင်အဖွဲ့သည် မဲခုံကျေးရွာအုပ်စု၊ မဲခုံကျေးရွာရှိ နဝရတ်တော်ဝင် သီလရှင်စာသင်တိုက်မှ သီလရှင် ဆရာကြီး ဆရာလေး(၅၃)ပါး၊ ဥဿာမြို့သစ်(၂)ရပ်ကွက်ရှိ ဓမ္မစေတီ သီရိမင်္ဂလာ သီလရှင် စာသင်တိုက်တွင် သီတင်းသုံးနေသည့် သီလရှင်ဆရာကြီး ဆရာလေး(၇၆)ပါးနှင့် ဥဿာမြို့သစ (၈)ရပ်ကွက်ရှိ သီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေသည့် သီလရှင်ဆရာကြီး ဆရာလေး(၂၈)ပါးတို့ COVID-19ကာလ ဆွမ်းနှင့် ဆွမ်းဟင်းအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ အချိုမှုန့်၊ ခေါက်ဆွဲထုပ်နှင့် ကြာဇံထုပ်များအား လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)