DAB + နည်းပညာဆိုင်ရာ Online Webinar ဆွေးနွေးပွဲသို့ MRTV မှဝန်ထမ်းများ တက်ရောက်

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

“DAB + Digital Radio Technology Implementation and Rollout” ခေါင်းစဉ်ဖြင့် Online Webinar ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) မှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။

 

အဆိုပါ DAB + နည်းပညာဆွေးနွေးပွဲကို Asia – Pacific Broadcasting Union (ABU) မှ နှစ်စဉ် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် Online Webinar ဖြင့် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ဥရောပနှင့် အာရှပစိဖိတ်ဒေသတွင်း DAB + နည်းပညာဆိုင်ရာ ထုတ်လွှင့်မှုများ တွင်ကျယ်စွာ အသုံးပြုလာမှုနှင့် တိုးတက်ပြောင်းလဲလာမှုများကို အဓိကထား မျှဝေဆွေးနွေးပို့ချခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း DAB + နည်းပညာနှင့် ထုတ်လွှင့်မှုများ Pilot Project ဆောင်ရွက်မှုများ ရှိနေသဖြင့် ဆွေးနွေးပွဲမှ Digital Radio Technology တိုးတက်ပြောင်းလဲမှုများကို ပိုမိုသိရှိလေ့လာခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

ယခုဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ စက်မှုဌာနမှ အင်ဂျင်နီယာများနှင့် စိတ်ပါဝင်စားသူ ဝန်ထမ်း (၂၀)ကျော် တက်ရောက်ခဲ့ကြပြီး အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်