ဒေးဒရဲမြို့နယ်တွင် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ နာတာရှည်ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေး

ဒေးဒရဲ စက်တင်ဘာ ၁၇

           

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်     အသက် ၅၅ နှစ်နှင့် အထက်      ပြည်သူများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)  ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းမှ စတင်၍ အမှတ်(၁)ရပ်ကွက် အထက -၁ ကျောင်းဝန်းအတွင်းရှိ ကရဝိတ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

           

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းဆောင်ရွက်ပေးရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင် ပါဝင်မှုပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အသက်၅၅နှစ်နှင့်အထက် ပြည်သူများနာတာရှည် ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား စက်တင်ဘာ ၁၆ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၃နာရီထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

              

ဒေးဒရဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၉၀) တို့တွင် စက်တင်ဘာ ၁၆ ရက် မှစ၍ သက်ဆိုင်ရာ တိုက်နယ်အုပ်စု၊ ကျေးရွာကျန်းမာရေးဌာနတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အေဇာလင်း(ပြန်ဆက်)