ဒေါင်ဗားကျေးရွာတွင် အခြေခံမီးသတ်သင်တန်း ဖွင့်လှစ်ပြီးစီး

ဟားခါး ၅ ဇူလိုင်    

        

ချင်းပြည်နယ် မီးသတ်ဉီးစီးဌာန၏ ကြီးကြပ်မှုနှင့်အတူ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒေါင်ဗား ကျေးရွာအုပ်စု၊ ဒေါင်ဗားကျေးရွာ၌ ဖွင့်လှစ်ခဲ့သော အကြိုအခြေခံ မီးသတ်သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ် ပို့ချနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးသျှန်နွမ်းမောင်ထံမှ သိရှိရသည်။

 

အဆိုပါ သင်တန်းကို ဒေါင်ဗားကျေးရွာမှ လူငယ်သင်တန်းသား (၃၅) ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့သည်။ သင်တန်း ပြီးမြောက်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသားများအားလုံးကို ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီးနှင့် မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွမ်းမောင်တို့က ဇူလိုင် ရက်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းမှ ပို့ချသော ပညာရပ်များ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အတူ မွန်မြတ်သော ရပ်ရွာပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

 

ခရိုင် ပြန်/ဆက်