ဒေသခံများ ပါဝင်သော ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ စီမံအုပ်ချုပ်မှု အစီအစဉ် ပြင်ဆင်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ စဉ့်ကူးမြို့၌ ကျင်းပ

စဉ့်ကူး  ၂၂   နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာများ စီမံအုပ်ချုပ်မှုလုပ်ငန်းအစီအစဉ် (Management Plan) အား သုံးသပ် အကြံပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာ်နီလင်းနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေလင်းတို့က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် WCS Myanmar Programr မှ ဧရာဝတီမြစ်ဝှမ်း တာဝန်ခံ ဦးနိုင်လင်းမှ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို Projector ဖြင့် ရှင်းလင်းတင်းပြသည်။

 

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယဦးစီးမှူး ဦးဟန်ဝင်းမှ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့် ရေချိုငါးလုပ်ငန်းဉပဒေများကိုလည်းကောင်း၊ သာငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် WCS Myanmar Programမှ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်းမှ ၂၀၀၉ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ အတည်ပြု ထုတ်ပြန်ခဲ့သော ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ စီမံအုပ်ချုပ်မှု အစီအစဉ်တို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများမှ အဖွဲ့(၄) ဖွဲ့ခွဲ၍ အဖွဲ့လိုက် ဧရာဝတီလင်းပိုင်နှင့် ငါးသယံဇာတ ထိန်းသိမ်းရေး၊ ယင်းတို့၏ နေရင်းဒေသများကို ယုတ်လျော့ပျက်စီးစေသော ခြိမ်း‌ခြောက်မှုများအား ဖော်ထုတ်ဆွေးနွေးခြင်း၊ ဆွေးနွေးမှုမှ ရရှိလာသော ခြိမ်းခြောက်မှုများအား ပူးပေါင်းဖြေရှင်းမည့် နည်းလမ်းများ ရှာဖွေဆွေးနွေးခြင်း၊ ရရှိလာသောသည် နည်းလမ်းများအပေါ် တာဝန်ယူ၊ တာဝန်ခံမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အင်းသူကြီးများ၊ ရေလုပ်သားများနှင့် အခြားအဖွဲ့အစည်းများ ဖော်ထုတ်ခြင်းနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မှု နည်းလမ်းများအား ဆွေးနွေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲတက် ရောက်လာသူများမှ အဖွဲ့လိုက် ပြန်လည်တင်ပြခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ မတ္တရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေလင်း၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် WCS Myanmar Program မှ ဧရာဝတီမြစ်ဝှမ်းတာဝန်ခံ ဦးနိုင်လင်း၊ ငါးလုပ်ငန်းဦးစီးဌာန ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယဦးစီးမှူး ဦးဟန်ဝင်း၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် WCS  Myanmar Program မှ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်း၊ ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေမှူးများနှင့် အင်းသူကြီးများ၊ ရေလုပ်သားများ တက်ရောက်ကြကြောင်း သိရသည်။

 

မင်းဇော်ဦး (ပြန်/ဆက်)