ဒေသထွက် သဘာဝဩဇာသီးများ ရောင်းအားကောင်းလျက်ရှိ

မြိုင် စက်တင်ဘာ ၁၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် မြိုင်မြို့နယ် ကံယာကောင်းကျေးရွာတွင် သဘာဝဩဇာတောမှ ထွက်ရှိသော ဩဇာသီးများ စတင်ရောင်းချနေရပြီဖြစ်ပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

 

ကံယာကောင်းကျေးရွာအနီးတွင် သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည့် ဩဇာပင်များကို မိုးဦးကျချိန်တွင် ပေါင်းရှင်းခြင်း၊ အပင်ပြုစုပေးခြင်းတို့ဖြင့် အသီးတို့ကိုရရှိပြီး ယခုအချိန်တွင် ရောင်းအားကောင်း၍ စတင်ရောင်းချနေပြီဖြစ်ကြောင်း ဩဇာသီးရောင်းသူ ဒေသခံတစ်ဦးထံမှ သိရသည်။

 

ဒေသထွက် ဩဇာသီးများကို ကံယာကောင်းရွာမှတစ်ဆင့် မြိုင်၊ ကမ္မ၊ ပခုက္ကူ၊ ရန်ကုန် စသည့် မြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ ယခုနှစ် မိုးကောင်းသည့်အတွက် စတင်ရောင်းချလျက်ရှိရာ တစ်ရက်လျှင် ဩဇာသီးလုံးရေ ၄၀၀ ကျော်အထိ ရရှိပြီဖြစ်ပြီး တစ်လုံးလျှင် ကျပ် ၁၂၀ အထိဈေးရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဩဇာသီးရောင်းသူတစ်ဦးက ပြောပြသည်။

 

ဖြိုးမွန်ကျော်(ပြန်/ဆက်)