ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလ Mobile Market ဈေးရောင်း မော်တော်ယာဉ်များဖြင့် လာရောက်ရောင်းချပေး

ဒဂုံ ၃၀ အောက်တိုဘာ             

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း  ပြည်သူများသား၊ ငါးနှင့်အသီးအနှံ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ သန့်ရှင်းလတ်ဆတ်သော သား၊ ငါးနှင့် အသီးအနှံများကို ယနေ့နံနက် ၇ နာရီက ယောမင်းကြီးရပ်ကွက်၌  မော်တော်ယာဉ်ဖြင့် လာရောက်  ရောင်းချပေးကြောင်း သိရသည်။

 

ယခုလိုရောင်းချပေးသည့်အတွက် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့် အသီးအနှံများကို ဝယ်ယူသူ အဆင်ပြေစေရန် ဈေးတင်ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးသဖြင့် ဝယ်ယူရာ တွင် အဆင်ပြေကြောင်းနှင့် ငါးရက်တစ်ကြိမ် ရောင်းချပေးစေလိုကြောင်းကို ယောမင်းကြီးရပ်ကွက် ပြည်သူတစ်ဦးက ပြောသည်။

 

အဆိုပါ သား၊ ငါးနှင့် မီးဖိုချောင်သုံး  စားသောက်ကုန်များကို  ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး Mobile Market ဈေးရောင်းမော်တော်ယာဉ်များဖြင့် ကျန်ရှိသည့် မြို့နယ်များတွင်လည်း လှည့်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)