ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မိုးရာသီကာလ ရေစီးရေလာကောင်မွန်ရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၅ ဇူလိုင်

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုးရာသီကာလ၌ အိမ်ဝိုင်းများအတွင်း ရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ပြီး သွေလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေမြောင်းအတွင်း အမှိုက်နှင့် နုန်းများ ပြန်လည်ဆယ်ယူခြင်း လုပ်ငန်းများကို အမှတ်(၁၅၆)ရပ်ကွက် အတွင်း၌ ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၅၆)ရပ်ကွက်အတွင်းရှိ (မြဝတီ ၂/ ၃/ ၄/ ၅ လမ်းများနှင့် စိန်ရတနာလမ်းတစ်လျှောက်၌ မိုးရာသီကာလအတွင်း ရပ်ကွက်နေပြည်သူများ  ရပ်ကွက်အတွင်း သန့်ရှင်းသာယာရေး၊ အိမ်ဝိုင်းအတွင်း ရေဝင်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး၊ လမ်းရေကျော်မှုများ မဖြစ်ပေါ်စေရေးနှင့် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေမြောင်းအတွင်း အမှိုက်နှင့် ရွှံ့နွံများအား ပြန်လည်ဆယ်ယူခြင်း၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ပြီး တူးဖော်ခြင်း၊ လူအင်အားများဖြင့် အမှိုက်များဆယ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)