ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဝက်ဝံ ၁ ကောင်တွေ့ရှိ

နေပြည်တော်  ၄  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဧပြီ ၃ ရက် နံနက်ပိုင်းက ဝက်ဝံ(အမ) တစ်ကောင် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်နေ သန့်ဇင်ထွန်း(၂၈)နှစ်၏ နေအိမ်၌ ၄၅ ရက်သားခန့်အရွယ်ရှိ ဝက်ဝံ(အမ) တစ်ကောင်တွေ့ရှိကြောင်း သတင်းအရ ဧပြီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် အရှေ့ပိုင်းခရိုင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ သန့်ဇင်ထွန်းသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးဘေး ချုံပုတ်အတွင်းမှတွေ့ရှိ၍ ဖမ်းဆီးလာကြောင်း သိရှိရသဖြင့် အဆိုပါဝက်ဝံအား လှော်ကားဥယျာဉ်သို့ ပေးပို့အပ်နှံခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ 

 

ရဲပြန်ကြား