ဓာတ်မီးတိုင်ပေါ်မှ လျှပ်စစ်မီးပြင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

မြဝတီ ၂၃ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ နတ်သျှင်နောင်လမ်းနှင့် ဗိုလ်ဗထူးလမ်းထောင့်၊ Lin Thiri-3 အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ ဓာတ်မီးတိုင်ပေါ်တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀နာရီက လျှပ်စစ်မီးပြင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ ဓာတ်မီးတိုင်ပေါ်တွင် မီးကြိုးများ  ပြန်လည်သွယ်တန်း တပ်ဆင်ခဲ့ရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး ဓာတ်တိုင်တွင် လူတစ်ဦး ဓာတ်လိုက်နေကြောင်း သတင်းအရ မြို့မစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦး၊ နယ်ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ်မင်းမင်းထွန်းတို့မှ ဦးစီး၍ အမှတ် (၃)ရပ်ကွက် ရာအိမ်မှူး ဦးအောင်ညွန့်၊ ဦးအောင်ကျင်တို့နှင့်အတူ သွားရောက်စုံစမ်းခဲ့ရာ ဓာတ်တိုင်တွင် သေဆုံးနေမှာ ချစ်မင်း (၂၅)နှစ် လျှပ်စစ်အရန်လုပ်အားပေးဖြစ်ကာ မြဝတီမြို့ ငှက်ပျောတောရပ် အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)