“ဒီဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့” အွန်လိုင်းဟောပြောပွဲ ကျင်းပမည်

နေပြည်တော်  ၂၂  အောက်တိုဘာ

 

မြန်မာနိုင်ငံ ဒီဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပမည့် “ဒီဂျစ် တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့ (Digital Platforms and Future Direction of Book Industry Webinar)” အွန်လိုင်းဆွေးနွေးပွဲကို ၂၄−၁၀−၂၀၂၀(စနေနေ့) မွန်းလွဲ (၂)နာရီတွင် ကျင်းပမည် ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ထုတ်ဝေနေသည့် စာအုပ်များကို ပြည်တွင်းစာဖတ် ပရိသတ်များက မှာယူနိုင်မည့် နည်းလမ်းများ၊ မှာယူရာတွင် သိထားသင့်သည့် အချက်အလက်များ၊  ဒီဂျစ်တယ်စာပေဆိုင်ရာ အကျိုးခံစားခွင့်များနှင့် အခြားအခွင့်အလမ်းများကို ဆွေးနွေးကြမည် ဖြစ်ပြီး ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဦးကိုကို(ကိုကို−စက်မှုတက္ကသိုလ်)၊ ဒေါက်တာသန့်သော်ကောင်း (Myanmar Book Center)၊ ဦးအောင်စည်သာ(စိတ်ကူးချိုချိုစာပေတိုက်)၊ ဖြိုးဖြိုးအောင်(Chance Myanmar Online Education) တို့မှ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ စိတ်ပါ ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး http://tiny.cc/MDMA-Webinar-2 သို့ ဝင်ရောက် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။  

 

သတင်းစဉ်