ဒီဇင်ဘာလ လပတ်အတွက် မြစ်ရေအ‌ခြေအနေ ခန့်မှန်းချက်

နေပြည်တော် ၂၈ နိုဝင်ဘာ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၊ လပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်များကို (၂၈.၁၁.၂၀၂၀) ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၁-ပေခွဲမှ ၃-ပေခွဲခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်၄-ပေမှ ၇-ပေခန့်လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင်၂-ပေမှ ၄-ပေခန့်၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၅-ပေမှ ၇-ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန