ဒီးမော့ဆိုတွင် ငွေတောင်ဆည် အပါအဝင် ဆည်ကန်(၈) ခုနှင့် လျှပ်စစ်ရေတင်စနစ် တစ်ခု တို့မှ ပေးဝေသော ရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးရန် လျာထား

ဒီးမော့ဆို    ၂၂     ဖေဖော်ဝါရီ    

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးချိန် ဆည်ကန်များမှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ရှိ ငွေတောင်ဆည် အပါအဝင် ဆည်ကန် (၈) ခုနှင့် လျှပ်စစ်ရေတင်စနစ်တစ်ခုတို့မှ ပေးဝေသော ရေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် နွေစပါးစိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့မရပ်ကွက်တွင် ဧက ၈၀၊ ဆင်တောင်ကျေးရွာအုပ်စုတွင် ဧက ၅၂၀၊ ဘုရားဖြူကျေးရွာအုပ်စုတွင် ၂၆၂ ဧက၊ အိုကေကျေးရွာအုပ်စုတွင် ဧက ၁၈၀၊ ဒေါဘူးကူးကျေးရွာအုပ်စုတွင် ၁၂ ဧက၊ ငွေတောင် ကျေးရွာအုပ်စုတွင် ၇၂၇ ဧက၊ စံပြ(၆)မိုင်ကျေးရွာအုပ်စုတွင် ဧက ၇၄၀၊ ဒေါတော်ကူးကျေးရွာအုပ်စုတွင် ဧက ၆၀၊ ဒီးမော့ဆိုကျေးရွာအုပ်စုတွင် ၆၉ ဧက၊ နောင်ပုလဲကျေးရွာအုပ်စုတွင် ၃၅၄ ဧက၊ သေးဆူလဲကျေးရွာအုပ်စုတွင် ဧက ၅၀၊ ဒေါကလော်ဒူကျေးရွာအုပ်စုတွင် ၅၀ ဧက စုစုပေါင်း နွေစပါး စိုက်ဧက ၃၁၀၄ ကို စိုက်ပျိုးသွားရန် လျာထားလျက်ရှိသည်။

တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးချိန် အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ စတင်ထွန်ယက်ပြီး ပျိုးထောင်လျက်ရှိကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)