ဒီတစ်ပတ် ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့

mdn

နေပြည်တော် ၆ ဖေဖော်ဝါရီ

 

ဇန်နဝါရီ ၂၁ ရက်မှ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၇၇၄၇၈၃၄ တန်ဖိုးရှိ  ဓာတ်ဆီ ၃၂၅၉၂ ဒသမ ၃၆ တန်နဲ့ အမေရိကန် ဒေါ်လာ ၂၃၄၃၀၂၇၃ တန်ဖိုးရှိ ဒီဇယ် ၄၁၆၅၇ ဒသမ ဝ၃ တန်၊ စုစုပေါင်း ၇၄၂၄၉ ဒသမ ၃၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ အောက်တိန်း (95)တို့ တင်သွင်းခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

 

ယခင်သီတင်းပတ်က  တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၉၆၈၉၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၅၅၂၃၀ ကျော် တင်သွင်းမှုလျော့နည်းပြီး ယခင် သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၃၁၄၄၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဓာတ်ဆီတန်ချိန် ၁၁၀ဝ ကျော်  ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင် လျော့ခဲ့ပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရောဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၈၄၀၊ အောက်တိန်း (92)ကျပ် ၈၁၀၊ အောက်တိန်း (95) ကျပ် ၈၅၀၊ အဆင့်မြင့်ဒီဇယ် ၈၅၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇန်နဝါရီ ၂၉ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၆၃၀ဝ၀၊ ရောင်း ဈေး ကျပ် ၁၆၈၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ဝယ်ဈေး ကျပ် ၁၇၀ဝ၀ဝ၊ ရောင်းဈေး ကျပ် ၁၇၅၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ်၁၇၀ဝ၀ဝ၊ ရောင်းဈေး ကျပ် ၁၇၅၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ဝယ်ဈေး ကျပ် ၅၀ဝ၀၊ ရောင်းဈေး ကျပ် ၃၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ဈေးကျခဲ့ပြီး ဓာတ်ဆီဈေး အနည်းငယ်မြင့်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးငြိမ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက ဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၆၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၈၈၀၊ အောက်တိန်း (92) ကျပ် ၈၇၀၊ အောက်တိန်း (95) ကျပ် ၁၀၁၀ နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရ ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၈၀ဝ၊ အောက်တိန်း (92) တစ်ဂါလံ ကျပ် ၃၉၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

 

MDN