ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ဆဋ္ဌမနေ့ကျင်းပ

mdn

နေပြည်တော်  ၂၂   နိုဝင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၏ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သင်တန်းများ အတွက်သင်တန်းသားများ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် မမျှမတဖြစ် ပေါ်နေမှုများကို စီမံကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် ဖွံ့ဖြိုးမှုနည်းပါးသော တိုင်းရင်းသား ဒေသများမှ ဦးစားပေးခေါ်ယူပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားလူမျိုးများ စုံလင်စွာ ပညာ သင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ကျောင်းသား/ကျောင်း သူ များကိုရွေးချယ်ပြီး ကျောင်းတက်ရောက်နိုင်ရေး စုစည်းဆောင်ရွက်ရာတွင် တက္က သိုလ်ရှိ ကျောင်းသားအိပ်ဆောင်နှင့် စာသင်ဆောင်များ၏ ဝင်ဆံ့နိုင်မှုကို မူတည်၍ လည်းကောင်း၊ တက်ရောက်ဆဲ တိုင်းရင်းသားလူမျိုးစုံလင်စွာ ပါဝင်မှုကို မူတည်၍ လည်းကောင်း လိုအပ်သော အင်အားအရေအတွက်ကို စုစည်းရွေးချယ်ပေးပါရန် သက် ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ အင်အားခွဲဝေသတ်မှတ်ပြီး ခေါ်ယူခဲ့ပါ ကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ (၆)ခု တို့မှ ပေးပို့လာသည့် အင်အားစာရင်းကို သင်တန်းသားရွေးချယ်ရေး ဗဟို ကော်မတီမှ တက္ကသိုလ်/ ဒီဂရီကောလိပ်များတွင် လက်ခံသင်ကြားပေးနိုင်မည့် အင်အား၊  တိုင်း ဒေသကြီး/ ပြည်နယ်(၁၄)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ(၆) ခုတို့အတွက် သတ်မှတ်ထားသည့်အရေအတွက်နှင့် စိစစ်ပြီး ၄င်းတို့ပေးပို့လာသည့် စာရင်းများအပေါ် အတည်ပြုရွေးချယ်ပေးရခြင်း ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ကရင်ပြည်နယ် သင်တန်းသား ရွေးချယ်ရေးကော်မတီသည် သင်တန်းသား ရွေးချယ်ရေးဗဟိုကော်မတီ၏ ညွှန်ကြား ချက်နှင့်အညီ စနစ်တကျဖွဲ့ စည်းထားရှိ၍ သင်တန်းဝင်ခွင့် အရည်အချင်း သတ်မှတ် ချက်များနှင့်အညီ သင်တန်း သား/ သင်တန်းသူများ အချိုးကျ မျှမျှတတ စိစစ်ရွေးချယ် ခြင်း၊ ဒေသခံတိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေး စိစစ်ရွေးချယ်ခြင်းဖြင့် သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး ကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင် နှစ်များတွင်လည်း သင်တန်းသား ပိုမိုရရှိရေးကို ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး ၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ၂၀၁၈ - ၂၀၁၉ခုနှစ် သဘာဝဘေးဒဏ်ကြောင့် သီးနှံ များ ပျက်စီးမှုအပေါ် နိုင်ငံတော်သမ္မတ၏ အထူရန်ပုံငွေမှ ထောက်ပံ့ကြေးငွေ ပေးအပ် ခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်စိစစ်သုံးသပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါ သဘာဝဘေးဒဏ်ကြောင့် သီးနှံများ ပျက်စီးမှု အပေါ် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ထောက်ပံ့ကြေးငွေများ ပေးအပ်ရာတွင် စာရင်းများ မမှန်ကန်မှု၊ အားနည်းချက်များနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာမှုနှင် ပတ် သက်၍ ပြန်လည်စိစစ်သုံးသပ်ခဲ့ပါကြောင်း၊ ထို့ပြင် စာရင်းများ ကောက်ယူပြုစုရာတွင် ယခင်ကဲ့သို့ အားနည်းချက်များ မဖြစ်စေရေးအတွက် ကျေးရွာကွင်းဆင်းစိစစ်ရေးအဖွဲ့ များအနေဖြင့် ပျက်စီးထိခိုက်သည့်စာရင်းနှင့် အမှန်တကယ်နစ်နာကြေး၊ လျော်ကြေးရ ထိုက် သူများကို စိစစ်ပြီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်အတည်ပြုချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကွင်းဆင်းဝန်ထမ်းများ၊ သီးနှံဆိုင်ရာ ပညာရှင်များ၊ ဝန်ထမ်း များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု သည် အရေးပါသည့်အတွက် အငြင်းပွားမှု ပေါ်ပေါက်ခြင်းမရှိစေရန် ညှိနှိုင်းပူး ပေါင်းဆောင် ရွက်ခြင်းဖြင့် စီမံခန့်ခွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။

 

အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း ၏ မွန်ပြည် နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပေါက်ပင် ကွင်းကျေးရွာတို့ ဆက်သွယ်သည့်လမ်းအား ပြည်နယ်နှင့် တိုင်းဒေသကြီး ဆက်သွယ်သည့်လမ်းအဖြစ် သတ်မှတ်၍ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် က လည်းကောင်း၊တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း ၏ တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီရှိ မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ရရှိသော မြေပေါ်တွင် ယခုအချိန်ထိ ဆီအုန်းပင်များ စိုက်ပျိုးထားခြင်း မရှိသေးသော မြေယာများကို ပြန်လည်သိမ်းဆည်းပေးရန်နှင့် ၂၀၁၂ ခုနှစ်၊ လယ်ယာ မြေဥပဒေ၊ နည်းဥပဒေများအရ လျှောက်ထား၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ရရှိပြီး စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများအား တရားစွဲဆိုနေခြင်းကို တည်ဆဲဥပဒေများ နှင့်အညီ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့် ၏ ပြည်ပနိုင်ငံ များမှ ပြည်တွင်းသို့ (မျိုးရိုးနိမ့်) ဝက်သားပေါက်များ တင်သွင်းလာမှုကို ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ပြန်လည်ရှင်း လင်းဖြေကြား ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံ စာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော လယ်ယာမြေ ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထား သည့် အတိုင်း လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံး ဖြတ်ရန် အဆိုတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က လယ်ယာမြေဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည် ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း ၏ မြန်မာနိုင်ငံတွင် တစ်စတစ်စ ပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများ အပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြေလာစေရေးနှင့် သစ်ပင်သစ် တော်များကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့်နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာ ကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သစ်တောဝန်ထမ်းများ ၏ စွမ်းဆောင်ရည် (Capacity) လုပ်ငန်းစဉ်များ (Functions) နှင့် ကျင့်ဝတ်သိက္ခာ (Ethics) များပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အား ပေးစည်းရုံးပညာပေးသင်ကြားရန်နှင့် ၄င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက်ကိရိယာ Facilities and equipments များကို စနစ်တကျတပ်ဆင် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို ကို လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် က သစ်တော များကို စနစ်တကျကွင်းဆင်း၍ လက်တွေ့ကျကျလုပ်ဆောင်သည့် သစ်တောပညာရှင်၊ သစ်တောဝန်ထမ်းများ ရှားပါးလာပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ သစ်တောတက္က သိုလ်တွင် အမြဲတမ်းသင်ကြားနေသည့် ဝန်ထမ်းနှင့် သုတေသနများအားနည်းနေပြီး အချိန်ပြည့် ဝန်ထမ်းများ အမြဲတမ်းလစ်ဟာနေပါကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်အလုံ အလောက် ပေးသင့်ပါကြောင်း၊  သစ်တောသိပ္ပံ၊ သစ်တောတက္ကသိုလ်ကျောင်းရှိ ဆရာ၊ ဆရာမများ သင်ကြားရေးနှင့် သုတေသနများအတွက် သစ်တောဧရိယာတစ်ခုလည်း သတ်မှတ်ပေးသင့်သည့်အတွက် မိမိအနေဖြင့် တောင်းဆိုလိုပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးတွဲ၍ စီမံကိန်းများဆောင်ရွက်မည်ဆိုပါကလည်း နိုင်ငံအတွက် လက်တွေ့သစ်တောအုပ်ချုပ်လုပ်ကိုင်မှုများတွင် ထိရောက်မှုမရှိသည့် ရလဒ်များ၊ စီမံ ကိန်းများကိုလည်း ရှောင်ရှားသင့်ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံရှိသည့် မြန်မာ နိုင်ငံသားပညာရှင်များဖြင့် စီမံကိန်းအဆိုပြုလွှာ၊ ဆန်းစစ်လွှာများကိုလည်း ဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးသည်။

 

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်လွီးဇာ က မြန်မာနိုင်ငံ၏ သစ်ပင် သစ်တောများသည် သယံဇာတလက်ဆောင်ကောင်းတစ်ခုဆိုသည်ကို မည်သူမျှ ငြင်း ပယ်၍ မရပါကြောင်း၊ ယင်းလက်ဆောင်ကောင်းများကို ထိန်းသိမ်းခြင်း၊ အသုံးချမှု မှန်ကန်ခြင်းများ မရှိပါက သယံဇာတလက်ဆောင်သည် ကျိန်စာအဖြစ်ပြောင်းလဲသွား နိုင်သည့်အတွက် သတိကြီးစွာ သိရှိရန် အထူးလိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုရှင် သည် သာယာလှပသည့် အနာဂတ်မြန်မာနိုင်ငံကို မြင်တွေ့စေရန်အတွက် မည်သူက မည်သို့ တာဝန်ရှိသည်၊ မည်သို့ဆောင်ရွက်ထားသင့်သည်၊ မည်သို့ကာကွယ်ထိန်းသိမ်း ထားသင့်သည် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် တင်သွင်းသောအဆိုဖြစ်သည့် အတွက် အတည်ပြုသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

ယင်းအဆိုကို ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါ်ရှားမူနှင့် ကယား ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို နိုဝင်ဘာ ၂၅ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

အောင်ရဲသွင်