ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပ

မော်လမြိုင်   ၂၂     မေ

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၄)ဦးက ကြယ်ပွင့်ပြ မေးခွန်း(၅)ကို မေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

 

ထို့နောက် မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်(၅)ဦးမှ အကြံပြု ဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ယင်းနောက် မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ဥက္ကဋ္ဌက အဆိုပါလျာထားချက်ကို အတည်ပြုကြောင်း ကြေညာပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ရပ်နားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)