ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး

ကြေညာချက်အမှတ် (၃/၂၀၂၀) ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၂ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက်

ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၂ ခုနှစ်၊ ပထမဝါဆို လပြည့်ကျော် ၉ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်) တနင်္လာနေ့၊ ၁၃၃၀ နာရီအချိန်တွင် စတင် ကျင်းပရန်ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

                                                                                                                             (ပုံ) တီခွန်မြတ်

                                                                                                                                   နာယက