ဒုတိယသက်တမ်းအတွက် ဂါနီကို အာဖဂန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်

အာဖဂန် သမ္မတ အက်ရှ်ရက်ဂါနီသည် ပြီးခဲ့သည့် ငါးလခန့်က ကျင်းပခဲ့သည့် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။

 

ယမန့်နေ့က ရွေးကောက်ပွဲကော်မရှင်က အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

ဂါနီသည် မဲရလဒ် ၅၀ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။

 

ဂါနီသည် သမ္မတအိမ်တော်တွင် မိန့်ခွန်းတစ်ရပ်ကို  ပြောကြားခဲ့သည်။

 

ပြည်သူများ၏ အောင်ပွဲအတွက် အောင်မြင်မှုကို ပြည်သူများလက်ထဲသို့ အပ်နှံလိုက်ပါကြောင်းနှင့် ပြည်သူ့လူထု၏ အစေခံအဖြစ် ကျွန်ုပ်တို့၏ အဖွဲ့သည် အာဖဂန်ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

53

 

အာဖဂန်နစ္စတန် အမှုဆောင်ချုပ် အဗ္ဗဒူလာသည် မဲရလဒ် ၃၉ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာကို ရရှိခဲ့သည်။

 

အဆိုပါ ရွေးကောက်ပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ခြင်းပြီး အနိုင်အရှုံးထုတ်ပြန်ချက်ကို နိုဝင်ဘာလတွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသော်လည်း အဂတိကင်းစင်ရေးတိုက်ဖျက်ရာတွင် စနစ်များသည် ချို့ယွင်းချက်များ  ရှိခဲ့သည့်အတွက် မဲရလဒ်များကို ထုတ်ပြန်ရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

 

ဂါနီသည် ဒုတိယအကြိမ်  ပြန်လည်အရွေးခံခဲ့ရသဖြင့်  တာလီဘန်တို့က အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထုတ်ပြန်ပြီးနောက် အစိုးရကို ဆန့်ကျင်သည့် အုပ်စုများက ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

 

ဂါနီကို ပြန်လည်ရွေးကောက်ခံရခြင်းအား ကန့်ကွက်ကြောင်း အဆိုပါ အဖွဲ့က ကြေညာခဲ့သည်။

 

အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံအတွင်းရှိ အာဖဂန်ပြည်သူများ၏ အသံကို ထင်ဟပ်ခြင်း မရှိခဲ့ကြောင်း ၎င်းအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်