ဒုတိယဝန်ကြီး ဦးအောင်ထူး မြန်မာ-တရုတ် ကုန်သည်လုပ်ငန်းရှင်များ ဖိုရမ်နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားသို့ တက်ရောက်

mdn

နေပြည်တော်    ၂၂    နိုဝင်ဘာ

 

မြန်မာ-တရုတ် ကုန်သည်လုပ်ငန်းရှင်များဖိုရမ်နှင့် ပူးပေါင်းဆောင်ရွက်မှု သဘော တူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မိုးလုံလေလုံ အားကစားအဆောက်အဦ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ရှမ်းပြည်နယ်သည် သဘာဝမှ ပေးသည့် သယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ခရီး သွားလာရေးလုပ်ငန်းများအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့်အရင်းအမြစ်များကို ပိုင်ဆိုင် ထားပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အဓိကကုန်စည်စီးဆင်းမှုလမ်းကြောင်းပေါ် တွင် တည်ရှိသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး တွင် အဓိကကျသောဒေသတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကနြ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးလုပ်ငန်း များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မတီများဖွဲ့ စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ် တိုးတက်လျက်ရှိသည်ကို တွေ့မြင်ရပြီး မြန်မာနိုင်ငံမှ အဓိကအားဖြင့် သဘာဝဓာတ်ငွေ့၊ သတ္တုများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်ပစ္စည်းများအား ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့် ကုန်သည်လုပ်ငန်းရှင်များ၏ ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံနှင့် မြန်မာလုပ်ငန်းရှင်များအတွက် များစွာအထောက်အကူဖြစ်စေပြီး ယနေ့ ကုန်သည်လုပ်ငန်းရှင်များအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီ ချက်များကို ခင်မင်ရင်းနှီးစွာဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် လင်ချန်းမြို့၊ ပြည်သူ့အစိုးရပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ရန်ဟောက်တုန်း၊ ရှမ်းပြည်မြောက်ပိုင်းကုန်သွယ်ရေးအသင်း ဥက္ကဌ ဉီးစိုင်းဘိုဘို၊ လင်ချန်း နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးဇုန် အုပ်ချုပ်ရေးကော်မတီ ဉက္ကဌ မစ္စတာ ကျန်ရှိလျှံတို့က အမှာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း (၉) ခုကို MOU လက်မှတ်ရေးထိုးကြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ (လားရှိုး)-တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)