ဧရာဝတီဖောင်ဒေးရှင်းက ဧရာဝတီစင်တာတွင် အသုံးပြုမည့် ဒေါ်လာ(၂)သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပြည်ပမှဝယ်ယူရန် စာချုပ်ချုပ်ဆို

mdn

ရန်ကုန် ၁၇ အောက်တိုဘာ

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်လူနာများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာတွင် အသုံးပြုမည့် ဒေါ်လာ()သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပြည်ပမှ ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်လူနာများအား ကုသပေးရန် ခုတင်(၁၀၀၀)နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးခုတင် (၁၂၅၀) ICU/HDU ခုတင် (၂၀၀) ICU/HDU Monitor နှင့် Wireless Control System များ၊ ဆေးရုံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာ()သန်းဖိုး ဝယ်ယူတင်သွင်းသွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာအုပ်စုတို့က အမေရိကန်ဒေါ်လာ နှစ်သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီး ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် အောက်တိုဘာ ၁၇ ရက်က စာချုပ်ချုပ်ဆိုခဲ့သည်။ ကြိုတင်ဝယ်ယူထားသော အချို့ပစ္စည်းများမှာ တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည်ဖြစ်ပြီး ရက်သတ္တပတ် ()ပတ်ကြာတွင် မှာယူထားသော ပစ္စည်းများအားလုံး ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

သတင်း- ရဲရင့်ရှိုင်း

ဓာတ်ပုံ- ကိုမိုး