EXO အဖွဲ့ဝင် ချန်း လက်ထပ်တော့မည်

၁၄  ဇန်နဝါရီ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Exo ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ချန်းဟာ နှစ်သစ်မှာ ပရိသတ်တွေကို မင်္ဂလာသတင်းနဲ့အတူ အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။ ချန်းက သူဟာ လက်ထပ်တော့မှာဖြစ်ကြောင်း လက်ရေးစာမူတစ်စောင် ရေးသားကာ ပရိသတ်ကို အသိပေးခဲ့ပြီး ဒီသတင်းတွေမှန်ကန်ကြောင်းလည်း အေဂျင်စီက အတည်ပြုခဲ့ပြီးဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ။

ဇန်နဝါရီ ၁၃ ရက် မှာ ချန်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မင်္ဂလာပွဲ ကျင်းပတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီနေဘက် အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့အက်စ်အမ်အင်တာတိန်းမန့်ကလည်း ဒီသတင်းတွေ မှန်ကန်ကြောင်းအတည်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ ချန်းရဲ့ သတို့သမီးဟာ ရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်း သတင်းတွေ ထပ်မံပေါ်ထွက်လာခဲ့ရာ အေဂျင်စီက အဆိုပါသတင်းတွေ မှန်ကန်ကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။

အေဂျင်စီရဲ့ ပြောကြားချက်အရ ချန်းရဲ့ သတို့သမီးဟာအနုပညာ အသိုင်းအဝိုင်းမှ မဟုတ်ကြောင်း၊ ဒါကြောင့် ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုအသေးစိတ်ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိကြောင်းနဲ့ ပရိသတ်ရဲ့ ဆုတောင်းပေးမှုတွေကို လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မင်္ဂလာပွဲကို နှစ်ဖက် အသိုင်းအဝိုင်းနဲ့ တိတ်တဆိတ် ကျင်းသွားဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ချန်းက မင်္ဂလာသတင်းထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ကိုနားလည်ပေးကြတဲ့ ပရိသတ်တွေနဲ့ အခြားသော အဖွဲ့ဝင်တွေကို ကျေးဇူးတင်ရှိကြောင်း၊ သူဟာ ယခင်ကလိုအနုပညာလှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တုံ့ပြန်ပေးသွားမှာဖြစ်ကြောင်းလည်း သူ့ရဲ့ လက်ရေးစာမူမှာ ထည့်သွင်းရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

ငွေကြယ်