G-7 ထိပ်သီးအစည်းအဝေးကို ဇွန်လနှောင်းပိုင်းတွင် လက်ခံကျင်းပမည်ဟု အမေရိကန် ပြောကြား

၂၇ မေ

G-7 ထိပ်သီးအစည်းအဝေးကို ဇွန်လကုန်ပိုင်းတွင် အိမ်ဖြူတော်၌ လက်ခံကျင်းပမည် ဖြစ်ကြောင်း အိမ်ဖြူတော်အတွင်းရေးမှူး မက်သာနီ က ယမန်နေ့က ပြောကြားခဲ့သည်။

 

အဆိုပါ ထိပ်သီးအစည်းအဝေးပွဲအတွက် အိမ်ဖြူတော်သည် ပိုမိုကောင်းမွန်သောနေရာဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် Camp David သမ္မတ အပန်းဖြေစခန်းတွင် ဗွီဒီယိုနှင့်အစည်းဝေး ကျင်းပရန် စီစဉ်ထားသည်ဟု သမ္မတထရမ့်က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုတွင် ယမန်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ ဒသမ ၆၈ သန်းကျော်ရှိပြီး သေဆုံးသူပေါင်း ၉၈၀၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ အချက်အလက်အရ သိရသည်။

 

ယင်းအချက်အလက်များအရ အမေရိကန်ပြည်ထောင်စု၏ ကူးစက်မှုနှင့်သေဆုံးမှုနှုန်းများမှာ အခြားနိုင်ငံ၊ ဒေသများထက် ပိုမိုများပြားနေသည်ကို တွေ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို