ဂန့်ဂေါမြို့အဝင်အနီးထိ တောမီးများ ကူးစက်လောင်ကျွမ်းလာသဖြင့် စနစ်တကျမီးငြှိမ်းသတ်ရ

ဂန့်ဂေါ ၂၆  မတ်

 

ပုလဲ-ဂန့်ဂေါကားလမ်း ဂန့်ဂေါမြို့အဝင်အနီးထိ  ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်က တောမီးများ ကူးစက်လာသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက  ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

2528

 

အဆိုပါ တောမီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရာရှိအပါအဝင် ဝန်ထမ်း ၆ ဦး တို့က မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် စနစ်တကျ မီးငြှိမ်းသတ်ရာ ညနေ ၅ နာရီဝန်းကျင်တွင် မီးငြိမ်း သွားကြောင်း သိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)

 

0352