ဂျန်ကွတ်ခ်ရဲ့ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး အေဂျင်စီထုတ်ပြန်

၅   နိုဝင်ဘာ

တောင်ကိုရီးယားရဲ့ ကမ္ဘာကျော် ကေပေါ့ပ်အမျိုးသားတေးဂီတအဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ "BTS" ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျန်ကွတ်ခ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပြီး ဒီယာဉ်တိုက်မှုမှာ ပေါ့ပ်ကြယ်ပွင့်ဟာ ယာဉ်စည်းကမ်းကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်မှာ အဖွဲ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီက တရားဝင်ထုတ်ပြန်ချက် ရေးသားဖော်ပြခဲ့ကြောင်း ကိုရီးယားအိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဘစ်ဟစ်အန်တာတိန်းမန့်ရဲ့ ဖော်ပြချက်မှာ ယာဉ်တိုက်မှုကြောင့် ဂျန်ကွတ်ခ်ရော တိုက်မိခဲ့တဲ့ အငှားယာဉ်မှ ယာဉ်မောင်းပါ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရရှိခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ ဒီအမှုကို ဆက်လက်စုံစမ်းနေ ဆဲဖြစ်တာကြောင့် အသေးစိတ်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေး ကြောင်းလည်း အေဂျင်စီက ဆိုပါတယ်။

ဂျန်ကွတ်ခ်ဟာ နိုဝင်ဘာ ၂ ရက်က သူ့ရဲ့ မာစီဒီးစ်ဗန်ဇ်ကို ဟန်နန်ဒုံ ပတ်ဝန်းကျင်မှာ မောင်းနှင်ခဲ့စဉ် အငှားယာဉ်တစ်စီးကို ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ ယွန်ဆန်းရဲဌာနရဲ့ ပြောကြားချက်အရ ဂျန်ကွတ်ခ်ဟာ ဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီယာဉ်တိုက်မှုကြောင့် ဂျန်ကွတ်ခ်ရော အယဉ်မောင်းပါ ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကာဆေးရုံ တက်ရောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အေးပြည့်