ဂျပန်အစိုးရက တိုကျိုအိုလံပစ်နှင့် မသန်စွမ်း အားကစားပွဲများတွင် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အကုန်အကျခံမည်

၂၁ ဇန်နဝါရီ

 

 

ဂျပန်အစိုးရက ယခုနှစ်နွေရာသီ တိုကျို အိုလံပစ်နှင့် မသန်စွမ်း အားကစားပွဲများအတွက် ဒေါ်လာ ၃ ဒသမ ၇၆ ဘီလီယံခန့် အကုန်အကျခံမည် ဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းဌာနမှ သတင်းရရှိသည်။

 

 

ဂျပန်စာရင်းစစ်ဘုတ်အဖွဲ့ အနေဖြင့် အားကစားပွဲ ကုန်ကျစရိတ်အတွက် အစိုးရ၏ ခန့်မှန်းတွက်ချက်မှုကို ထုတ်ပြန်ရန် လိုအပ်သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုများကြောင့် ထိုအားကစားပွဲများ တစ်နှစ်ကြာ ရွှေ့ဆိုင်းခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီမံချက်များအတွက် လက်ရှိဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၈၁ သန်း အပါအဝင် ထပ်တိုး ဘတ်ဂျက်ကို ထည့်သွင်းထားသည်။

 

 

ထိုခန့်မှန်းတွက်ချက်မှုတွင် အားကစားသမားများ လေ့ကျင့်ရေး အစီအစဉ်များအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်၊ လုံခြုံရေးအတွက် ဒေါ်လာ ၅၁၇ သန်းနှင့် အမျိုးသား အားကစားကွင်း တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဒေါ်လာ ၄၉၉ သန်းခန့် စသည့် ကုန်ကျစရိတ်များ ပါဝင်သည်။

 

 

ဝန်ကြီးချုပ် ဆူဂါက  ထိုအားကစားပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အောက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေးတွင် ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို