ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောပေါ်က ခရီးသည်တွေကို ၁၄ ရက် သီးသန့်ထားပြီးနောက်  နေရပ်ကို စတင်ထွက်ခွာခွင့်ပြု

၁၉ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံ ယိုကိုဟားမား ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess သင်္ဘောပေါ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက  ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမရှိတဲ့ ခရီးသည်တွေကို သင်္ဘောကနေ စတင်ထွက်ခွာခွင့် ပြုပြီဖြစ်ပါတယ်။

 

သင်္ဘောပေါ်မှာလိုက်ပါသူ ၃၇၇၁ ဦးမှာ နိုင်ငံပေါင်း ၅၆ နိုင်ငံမှ ဖြစ်ပါတယ်။ လိုက်ပါလာသူတေွအား သီတင်းနှစ်ပတ်တိတိ သင်္ဘောပေါ်မှာဘဲ သီးသန့်ထားပြီး ကိုဗစ်19 ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ၊မရှိစမ်းသပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၅၄၂ ဦး ရှိကြောင်း သိရှိရပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မခံရသူတွေကို ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ စတင်ပြီး နေရပ်ကို ပြန်နိုင်ပြီဖြစ်ပါတယ်။

 

6

 

သင်္ဘောပေါ်တွင် လိုက်ပါလာသူ အသက် ၇၇ နှစ်အရွယ် ဂျပန်နိုင်ငံသား အပျော်စီးသင်္ဘောခရီးသည် ကတော့ သူ့အိမ်ကို ပြန်ခွင့်ရတဲ့အတွက် စိတ်သက်သာသွားကြောင်းနဲ့ အခုတော့ ကောင်းကောင်း အနားယူဖို့လိုအပ်နေကြောင်း ပြောဆိုပါတယ်။

 

အဲဒီသင်္ဘောဟာ တရုတ်နိုင်ငံအပြင်မှာ ဗိုင်းရပ်စ်ပိုး ကူးခံရသူ အများအဆုံးနေရာဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ သင်္ဘောပေါ်တွင်ပါရှိသော ခရီးသည်တွေအတွက် သီးသန့်ထားတဲ့အစီအစဉ်ကို ဝေဖန်မှုတွေလည်း ကျယ်လောင်နေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက သီးသန့်ထားတဲ့နေရာရဲ့မှာ အလွဲအမှားတွေရှိနေတယ်လို့ ပြောပါတယ်။

 

ကိုဘေ တက္ကသိုလ်မှာ ပါမေက္ခ ကန်တာအို အိုင်ဝါတာက သင်္ဘောပေါ်မှာ သွားရောက်လေ့လာသူ ဖြစ်ပြီး အဲဒီနေရာဟာ ပိုးမွှားမကူးစက်အောင်ထားပေမယ့် မပြည့်စုံကြောင်း၊ အဲဒီမှာ ဗိုင်းရပ်စ်ပိုးကူးနိုင်တဲ့ နေရာဖြစ်နိုင်ကြောင်း  ဝေဖန်ပါတယ်။ သင်္ဘောပေါ်ကို သွားရောက်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၃ ဦးဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ကြောင်း သိရပါတယ်။

 

99

 

လန်ဒန် ကင်းကောလိပ်မှ ပညာရှင်တစ်ဦးက သင်္ဘောပေါ်က ဆင်းလာသူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နောက်ထပ် ၁၄ ရက်တိတိ သီးသန့်နေသင့်ကြောင်း အကြံပြုပါတယ်။

 

တောင်ကိုရီးယားနိုင်ငံက သင်္ဘောပေါ်က ဆင်းလာတဲ့ ခရီးသည်နှစ်ဦးကို နိုင်ငံဝင်ခွင့် ပိတ်ပင်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နောက်ထပ် ၁၅ ဦး တွေ့ရှိတဲ့အတွက် စုစုပေါင်း ၄၆ ဦး ရှိပြီဖြစ်ပါတယ်။ ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးသူ တစ်ဦးရှိကြောင်းလည်း သိရပါတယ်။

 

MDN

ကိုးကား - AFP