ဂျူဗင်တပ်အသင်းကို အနိုင်ရပြီး အင်တာမီလန်အသင်း ကိုပါအီတာလီယာဖလား ဆွတ်ခူး

ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ မေ ၁၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါ အီတာလီယာဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်အသင်းက ဂျူဗင်တပ်အသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ကိုပါအီတာလီယာဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ အင်တာမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ခြောက်မိနစ်မှာ ဘာရယ်လာ၊ မိနှစ် ၈၀ မှာ ကာဟာနိုလု၊ ၉၉ မိနစ်နဲ့ ၁၀၂ မိနစ်တို့မှာ ပါရီဆစ်က နှစ်ဂိုးအသီးသီးသွင်းယူပေး ခဲ့ပြီး ဂျူဗင်တပ်အသင်းအတွက် ချေပဂိုးနှစ်ဂိုးကိုတော့ မိနှစ် ၅၀ မှာ လိုဘိုဆေးလ်ဗား၊ ၅၂ မိနစ်မှာ ဗီလာဟိုဗစ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ကိုပါအီတာလီယာဖလားကို (၁၄)ကြိမ်အထိ ဆွတ်ခူးထားခဲ့တဲ့အသင်း ဖြစ်ပြီး ယခုနှစ်မှာတော့ ကိုပါအီတာလီယာဖလား ရရှိရေးမျှော်လင့်ချက်နဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းကတော့ ယခုဘောလုံးရာသီမှာ အီတလီစီးရီးအေ၌ အမှတ်ပေးဇယားထိပ်က အေစီမီလန်အသင်းနဲ့ နှစ်မှတ်အကွာတွင် ရှိနေကာ အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေတာ ကြောင့် အီတလီစီးရီးအေဖလားရရှိနိုင်မယ့် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ယခုနှစ်ဘောလုံး ရာသီရဲ့ အီတလီစီးရီးအေလက်ကျန်နှစ်ပွဲအဖြစ် ကာဂလီယာရီအသင်း၊ ဆမ်ဒိုးရီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်