ဟားခါးတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင် ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ ပြုလုပ်

ဟားခါး နိုဝင်ဘာ  ၈

 

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်တွင် အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမ သစ်လွင် ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၈ ရက်  နံနက် ၉ နာရီက ဟားခါး တက္ကသိုလ် ဘက်စုံသုံး ခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။

 

ယနေ့စတင်ဖွင့်လှစ်သည့် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမမွမ်းမံသင်တန်းတွင် ဆရာ၊ ဆရာမများ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

 

မောင်တက်လမ်း