ဟွာဝေး၏ notebook မော်ဒယ်သစ် MateBook 13 ကို မြန်မာနိုင်ငံဈေးကွက်တွင် ပထမဆုံး စတင်ရောင်းချ

ရန်ကုန် ၆ ဇန်နဝါရီ

 

ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်တွင် နာမည်ကျော်ကြားပြီးသော အမှတ်တံဆိပ်တစ်ခုဖြစ်သည့် ဟွာဝေးသည် မိုက်ခရိုဆော့ဖ် ဝင်းဒိုးစနစ်သုံး note book မော်ဒယ်အမျိုးမျိုးကိုပါ ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်တွင် ရောင်းချနေသော်လည်း ပြည်တွင်း ဈေးကွက်၌ ရောင်းချခြင်းမရှိသော ကြောင့် ဟွာဝေး အမှတ်တံဆိပ်ဖြင့် notebook များကို လူသိနည်းသည်။ ယခုအခါ ဟွာဝေး၏ အဆိုပါ note-book များထဲမှ မော်ဒယ်သစ်တစ်ခု ဖြစ်သည့် MateBook 13 ကို ပြည်တွင်း ဈေးကွက်၌ စတင်ရောင်းချနေပြီဖြစ် ကြောင်း ဟွာဝေးမြန်မာမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ပြည်တွင်းဈေးကွက်တွင် စတင် ရောင်းချသည့် MateBook 13 အမျိုး အစား notebook သည် ဟွာဝေးက ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ကျော်ကြားနေသည့် Matebook စီးရီး များအနက် ပထမဆုံး ၁၃ လက်မ အရွယ် မျက်နှာပြင် ပါဝင်သော ultra-portable အမျိုးအစား တစ်ကိုယ်ရည် သုံး ကွန်ပျူတာဖြစ်ကာ ဟွာဝေး၏ တီထွင်ဖန်တီးမှုနှင့် နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် Full View dis-play နည်းပညာ ပါဝင်သလို သေသပ် ကျစ်လျစ်ပြီး သယ်ဆောင်ရလွယ်ကူ စေသည့် ပေါ့ပါးသော ဒီဇိုင်းနှင့်အတူ ကောင်းမွန်သော Build quality ဖြင့် တပ်ဆင်ထားကြောင်း သိရသည်။

 

ဟွာဝေး MateBook 13 note- book ၏ Display ပိုင်းသည် Screen-to-body အချိုး ၈၈ ရာခိုင်နှုန်းအထိ ရှိသည့် မျက်နှာပြင် ပါဝင်သော Full View display နည်းပညာဖြင့် တည် ဆောက်ထားသည်။ Light Touch နည်းပညာ ပါဝင်သော touch screen သည် ရုပ်ထွက်အရည်အသွေး 2160x 1440 resolution ရှိသည်။

 

Processor ကို 8th Generation Core i5 processor နှင့် NVIDIA GeForce MX 250 တို့ဖြင့် အားဖြည့် တပ်ဆင်ထားပြီး RAM 8 GB LPDDR3 2133 MHz ပါဝင်သည်။

 

စက်အတွင်း အအေးပေးစနစ် ပိုင်းအတွက် MateBook 13 တွင် ဆူညံသံနည်းပါးစေပြီး စွမ်းဆောင် ရည်ကောင်းမွန်သည့် ငါးမန်းတောင် ပုံစံ အအေးပေးပန်ကာကို တပ်ဆင် ထားကြောင်း သိရသည်။

 

ထို့အပြင် MateBook 13 သည် စမတ်ဖုန်းများနှင့် တစ်ကိုယ်ရည်သုံး ကွန်ပျူတာအကြား ချိတ်ဆက်မှု အတွက် သာမန်ထက် ပိုမိုကောင်းမွန် သော အတွေ့အကြုံသစ်များကိုလည်း ရရှိစေမည့် Intelligent Sharing by OneHop နှင့် Multi-screen Collabo-ration စသည့် နည်းပညာများလည်း ပါဝင်ကြောင်း သိရသည်။

 

ကျစ်လစ်သေသပ်သည့် ဒီဇိုင်း ပိုင်းနှင့်အတူ နေ့စဉ် အသုံးပြုမှုတွင် အကောင်းဆုံးအနေအထားဖြစ်အောင် ထုတ်လုပ်ထားသည့် ဟွာဝေး Mate Book 13 ကို လူငယ် အသိပညာရှင်၊ အတတ်ပညာရှင်များအတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားကြောင်းနှင့် ဟွာဝေး Matebook 13 ကို မြန်မာနိုင်ငံ ဈေးကွက်တွင် ဇန်နဝါရီ ၁ ရက်မှ စတင်ရောင်းချလျက်ရှိကာ ဈေးနှုန်း မှာ ၇၉၉ ဒေါ်လာနှင့်ညီမျှသည့် မြန်မာ ကျပ်ငွေဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ် ကြောင်း ဟွာဝေးမြန်မာမှ သတင်း ထုတ်ပြန်ထားသည်။

 

ကျော်ဇင်ဦး