ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

ဟိုပန်၊ ဇွန် ၂၃

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးညီနပ်က ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ဝင်ထွက်သွားလာခြင်းများအား စနစ်တကျ စစ်ဆေးကြပ်မတ်ရန်၊ ဖွဲ့စည်းထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီများ အနေဖြင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းမှုမဖြစ်ပေါ်စေရန်၊ အဆိုပါလုပ်ငန်းသည် ဖွဲ့စည်းထားသော ကော်မတီများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအုံးဝင်းက ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများနှင့် Quarantine Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တိုင်း၊ ခရိုင်၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)