ဟိုပုံးမြို့နယ်၌ မီးမရရှိသေးသည့်ကျေးရွာများကို စွမ်းအားမြှင့်မီးဖိုနှင့် ဆေးရည်စိမ်ခြင်ထောင်များ ကျေးရွာအရောက်ပေးအပ်

ဟိုပုံး ၁၉ ဖေဖော်ဝါရီ  

ကိုရီးယားနိုင်ငံ ရာသီဉတုပြောင်းလဲမှုဗဟိုဌာနမှ ထောက်ပံ့လှူဒါန်းသည့် စွမ်းအားမြှင့်မီးဖိုများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မီးမရရှိသေးသည့် ကျေးရွာများကို စွမ်းအားမြှင့်မီးဖိုနှင့် ဆေးရည်စိမ်ခြင်ထောင်များ ကျေးရွာအရောက် ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၁ နာရီက တိလုံကျေးရွာအုပ်စု၊ တီးတန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

5516

 

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်သိန်းမှ စွမ်းအားမြှင့်မီးဖို အသုံးပြုပုံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွက် Carbon Credit များ ရရှိလာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊ မြန်မာ့ဆေးမားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ရုံးများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော မော်တော်ယာဉ်များ၊ Truck ကားများ၊ မော်တော်ဆိုင်ကယ်များ၊ Laptop ကွန်ပျူတာများ၊ Project များ စသည့် ထောက်ပံ့ပစ္စည်းများ ရရှိလာနိုင်ပြီး တိုးချဲ့ပညာပေးရေး လုပ်ငန်းများ ပိုမိုအရှိအဟုန်မြှင့် ဆောင်ရွက်လာနိုင်ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စွမ်းအားမြှင့်မီးဖိုနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပေးအပ်သော ဆေးရည်စိမ်ခြင်းများကိုလည်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ပြန်/ဆက်)