ဟူဘေးပြည်နယ်တွင် ဗုဒ္ဓဟူးနေ့အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ထပ်မံတွေ့ရှိမှု မရှိဟုဆို 

၁၃ ဩဂုတ်

 

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်တွင်  ဩဂုတ် ၁၂ ရက်နေ့ အတွင်းက ကိုဗစ်-၁၉ ကူးစက်မှု အသစ်မရှိကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ဩဂုတ် ၁၃ ရက်နေ့ ရက်နေ့ အတွင်းက ပြောကြားခဲ့သည်။

 

 

ဗုဒ္ဓဟူးနေ့တွင် ဟူဘေးပြည်နယ်၌ နိုင်ငံခြားမှ ရောက်ရှိလာသည့်သူ လေးဉီးရှိခဲ့ပြီး ရီချန်မြို့တွင်မူ  အတည်မပြုနိုင်သေးသည့် သံသယဖြစ်ဖွယ် လူနာတစ်ဉီးရှိကြောင်း သိရှိရသည်။

 

 

ဗုဒ္ဓဟူးနေ့တွင် ဟူးဘေးပြည်နယ်၌ စောင့်ကြည့်နေသည့်  လူနာပေါင်း  ၃၁၁ဉီး ရှိကြောင်း သိရှိရသည်။

 

 

ဟူဘေးပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၆၈၁၃၉ ဉီးရှိခဲ့ပြီးနောက် ဆေးရုံမှ ဆေးကုသမှု ခံယူသူပေါင်း ၆၃၆၂၃ ဉီးရှိပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်သည်။

 

 

ဟူဘေးပြည်နယ်တွင် ကိုဗစ်-၁၉ကြောင့် သေဆုံးသူပေါင်း ၄၅၁၂ ဉီး ရှိသည်ဟု ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

2356