ဗြိတိန်ခွဲထွက်ရေးသဘောတူညီမှုအတွက် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန်မရှိကြောင်း ဒေါင်းနင်းလမ်းက ဖော်ပြ
ဗြိတိန်ခွဲထွက်ရေး သဘောတူညီမှုနှင့် ပတ်သက်၍ ပါလီမန်လွှတ်တော်၌ အင်္ဂါနေ့တွင် ပြုလုပ်မည့် မဲခွဲဆုံးဖြတ်မှုကို ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက ရွှေ့ဆိုင်းနိုင်ဖွယ်ရှိသည်ဟု သတင်းစာတွင်ရေးသား ဖော်ပြခဲ့မှုများအပေါ် ဒေါင်းနင်းလမ်းက တနင်္ဂနွေနေ့ တွင် ငြင်းဆန်ခဲ့ကြောင်း သိရသည်။