ဇာတ်သိမ်းပိုင်းနှီးလာချိန်မှာ The Penthouse 3 ရဲ့ကြည့်ရှုမှုနှုန်း အနည်းငယ်ကျဆင်း

ဩဂုတ် ၂၉

တောင်ကိုရီးယား ဇာတ်လမ်းတွဲရုပ်ရှင် The Penthouse 3 ဟာ လက်ရှိမှာ ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲတစ်ခုအဖြစ် သီတင်းပတ်များစွာရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းတွေ ထုတ်လွှင့်မှုနီးကပ်လာချိန်မှာ ယင်းရုပ်သံဇာတ်လမ်းတွဲကို ကြည့်ရှုသူအရေအတွက် ယခင်ကထက် အနည်းငယ်ကျဆင်းလာခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

The Penthouse 3 ဟာ ယခင်ထုတ်လွှင့်ပေးဖို့ရာ စီစဉ်ထားတာထက် အပိုင်းနှစ်ပိုင်း ထပ်တိုးထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အပိုင်း ၁၂ ကို ဩဂုတ် ၂၇ ရက်မှာ ထုတ်လွှင့်ပေးခဲ့ရာမှာတော့ ကြည့်ရှုသူ ၁၇ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး အဲဒီသီတင်းပတ်အတွင်း ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယင်းပမာဏဟာ ယခင်ထုတ်လွှင့်ခဲ့တဲ့အပိုင်းတွေရဲ့ ကြည့်ရှုမှုနှုန်းထက် အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါတယ်။

The Penthouse 3 ဟာ တစ်ပတ်ကိုတစ်ကြိမ် အပိုင်းသစ် ထုတ်လွှင့်ပေးတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး နောက်ဆုံးအပိုင်းနှစ်ပိုင်းကို လာမယ့် စက်တင်ဘာ ၃ ရက်နဲ့ ၁၀ ရက်တို့မှာ ထုတ်လွှင့်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

အေးပြည့်