ဇီဝနည်းပညာစက်မှုလုပ်ငန်းများအတွက် “ဇီဝနည်းစဉ်အင်ဂျင်နီယာပညာ”

mdn

သတင်းဆောင်းပါး - ဒေါက်တာမြင့်စိန် 

(INP-Lorraine, France)

YTU-MTU ၂၂ နှစ် ခရီးရှည် (၁၉၉၈ စိန်ပန်းနီမှ အညာတမာမြေသို့)

၁၉၈၃ ခုနှစ် စက်တင်ဘာလမှ ၁၉၈၈ ခုနှစ်ကုန်အထိ (Industry 3.0    အစောပိုင်း  Internet မရှိသေး၊ ကမ္ဘာ ပတ်ဂြိုဟ်တုသာရှိ) ပြင်သစ်အစိုးရ၏ ပညာသင်ဆုဖြင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန၏ ပဋိဇီဝဆေးဝါး အဓိက ထုတ်လုပ်ရန်   Biotech  Industry  Project  အတွက် Biotechnological  Process  Engineering ဘွဲ့လွန် သင်တန်းကို ပြင်သစ်နိုင်ငံ INP-Lorraine နည်းပညာ တက္ကသိုလ်၏ စိုက်ပျိုးရေးနှင့် အစားအစာအင်ဂျင်နီယာ ကျောင်း (ENSAIA )၊ ဓာတုအင်ဂျင်နီယာကျောင်း (ENSIC) တို့တွင် သိပ္ပံဘွဲ့မှ အင်ဂျင်နီယာဘွဲ့သို့ ပေါင်းကူးသင်တန်း (သုံးလ)-(အောင်လျှင်)- မဟာတန်း (DEA ဘွဲ့) နှင့် Ph.Dဘွဲ့ (Docteur de / INP-Lorraine) ကို စာရေးသူ ဆွတ်ခူးရရှိခဲ့ပါသည်။
ယင်းအတွေ့အကြုံများဖြင့်    Japan, USA, Australia စသည့်နိုင်ငံများမှ ဇီဝနည်းပညာ domain ဘွဲ့လွန်ဒီဂရီ အသီးသီးရရှိခဲ့ကြသည့် ဌာနအသီးသီးမှ ပညာရှင်  ဆရာကြီး    ဆရာမကြီးများ၊   ပြည်တွင်းမှ ဘွဲ့လွန်၊ ပါရဂူဘွဲ့ရ ဆရာကြီး  ဆရာမကြီးများ စုပေါင်း၍ ၁၉၉၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ PG Dip. Biotech. တစ်နှစ်သင်တန်းကို  စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်အတူ        ဇီဝနည်းပညာ ဘာသာရပ်မျိုးစေ့အား    မြန်မာ့ပညာရေး   ကဏ္ဍတွင် စတင်မိတ်ဆက်နိုင်ခဲ့ကြသည်။         သတ်မှတ်ချက်နှင့် ကိုက်ညီပြီး   ထူးချွန်စွာအောင်မြင်ခဲ့ကြသော တက္ကသိုလ် ဝင်တန်းအောင်များအား စံပြဝန်ထမ်းသင်တန်းသားများ အဖြစ် ပုံမှန်လေးနှစ် တက်ရောက်စေပြီး    Bachelor   of Science-B.S (Biotechnology) ဘွဲ့ကို  ၂၀၀၅ ခုနှစ်တွင် စတင်ပေးအပ်နိုင်ခဲ့သည်။ 

ထိုစဉ်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန   စက်မှု နည်းပညာမြှင့်တင်ရေးနှင့်   ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန လက်အောက်ရှိ ဇီဝနည်းပညာမဟာဌာနတွင် ဘွဲ့လွန် M.S မဟာဘွဲ့များကိုလည်းကောင်း၊ ၂၀၀၃- ၂၀၀၄ခုနှစ်တွင်      Ph.D (Biotechnology) Plan-A သင်တန်းကိုလည်းကောင်း  ဖွင့်လှစ်ရန်စီစဉ်နိုင်ခဲ့ပါသည်။ ၎င်းနောက်တွင် ဇီဝနည်းပညာ မဟာဌာနကို မန္တလေး နည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး    ယင်း အချိန်မှစ၍ ဇီဝနည်းပညာ ပါရဂူဘွဲ့ရပညာရှင် Scientists များ မွေးထုတ်နိုင်ခဲ့ပါသည်။

ဤတွင် ဇီဝနည်းပညာ Scientist နှင့် Engineer တို့၏ professional  line  of  business (metier) သတ်မှတ်ပုံ ကွဲပြားမှုကို ရှင်းပြလိုပါသည်။ Biotechnology domain ကြီးတစ်ခုတည်း၏  အင်အားနှစ်ခုဖြစ်ကြသော Biotech နှင့် (Bioprocess Engg. / Biochemical Engg.) တို့သည် ဒင်္ဂါးတစ်ပြား၏ မျက်နှာပြင်နှစ်ခု (ခေါင်းနှင့်ပန်း) ကဲ့သို့ဖြစ်၍ အတူတကွ ကျောချင်းကပ် အလုပ်လုပ်ကြသူများ ဖြစ်ကြပါသည်။ ဥပမာအားဖြင့် - molecular biologists/ genetic engineer များ၏ ဆေးဝါးနှင့် အခြားဇီဝထုတ်ကုန် များ ထုတ်လုပ်နိုင်ရန် စွမ်းအားမြင့် အဏုဇီဝပိုးနှင့် ကလာပ် စည်းများ (GMO or iPS cells)ကို စနစ်တကျကိုင်တွယ်၍ End-user လိုအပ်ချက်အရ အရေအတွက် အများအပြားရရှိ ရန် အရွယ်အစားအလွန်ကြီးမားသည့် Bioreactor ဖြင့် အင်ဂျင်နီယာနည်းစဉ်အရ ဦးဆောင်စီမံခန့်ခွဲထုတ်လုပ်ရန် အလို့ငှာ   “ဇီဝနည်းစဉ်အင်ဂျင်နီယာပညာရှင်” များ လိုအပ်ပါသည်။

ပညာရေးဝန်ကြီးဌာနက     ကြီးမှူးကျင်းပခဲ့သည့် NESP (2021-2030)တွင်      ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့်     ပြောကြားသွားသည့် အချက်တစ်ခုမှာ နိုင်ငံတကာပညာရှင်များက ၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ ပြဿနာများအနက် အဏုဇီဝရောဂါပိုးများ ၏ ပဋိဇီဝနှင့် Synthetic antimicrobial drugs အချို့ကို ခံနိုင်ရည်တိုးမြှင့်ရရှိလာမှု (AMR, MDR & XDR) ပြဿနာကို ဖြေရှင်းကျော်လွှားနိုင်ရန်၊ ကိုဗစ်-၁၉ ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ များအတွက် ကာကွယ်ဆေးနှင့် ကုသဆေးများ ထုတ် လုပ်မှုကို   အချိန်နှင့်တစ်ပြေးညီ   လုပ်ဆောင်နိုင်ရန်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသရန် စိစစ်ရွေးချယ် ထားသည့် မျိုးဗီဇဆဲလ်များ စသည်တို့ကို  ထုတ်လုပ်ရန် အဆင့်မြင့်နည်းစဉ်များကို Education 4.0 ↔ Industry 4.0 ခေတ်နှင့်အညီ အချိတ်အဆက်မိမိ ဦးစားပေးအကောင် အထည်ဖော်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များသို့ တိုက်တွန်းဆွေးနွေးသွားသည်ကို တွေ့ရှိရပါသဖြင့် ၂၁ရာစု AI နှင့် Robotics ခေတ်တွင် ဇီဝနည်းစဉ်အင်ဂျင်နီယာ ဘာသာရပ်၏ ထူးခြားစွာ အရေးပါလာသည့် အခြေအနေ အား တင်ပြလိုခြင်းဖြစ်ပါသည်။

ဇီဝနည်းပညာစက်မှုလုပ်ငန်းများအတွက် “ဇီဝနည်းစဉ် အင်ဂျင်နီယာပညာ” ဘာသာရပ် ဖြစ်တည်လာပုံရာစုနှစ်ပေါင်းများစွာကပင် လူသားတို့နှင့် အကျွမ်း တဝင်ရင်းနှီးပြီးဖြစ်သည့် ဝိုင်၊ ဘီယာ၊ ရှာလကာရည်နှင့် ဆာကေးအရက်တို့သည်   ဇီဝနည်းပညာထုတ်ကုန်များ ဖြစ်ကြပါသည်။  ၁၉၅၀  ပြည့်နှစ်တွင်  ပညာရပ်အသစ် “မော်လီကျူးဇီဝဗေဒ (Molecular Biology)” ကိုအခြေခံ၍ အဏုဇီဝပိုးတို့၏ မျိုးဗီဇကို စိတ်ကြိုက်ပုံစံ ပြုပြင်ပြောင်းလဲ ပေးနိုင်သည့်    မျိုးဗီဇအင်ဂျင်နီယာပညာ  (Genetic Engineering) က လူသားတို့အတွက် အရေးပါသော ဆေး ပညာ/ ဆေးဝါး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် ယင်း Genetically Modified Organisms (GMO) တို့ကို အဓိက Performers အဖြစ် အသုံးပြုထားသည့် Engineering of Living Systems (တစ်နည်းအားဖြင့်) Bioprocess Engineering ပညာသည် လက်တွေ့အသုံးချသိပ္ပံပညာရပ် တစ်ခုအဖြစ် နောက်အနှစ် ၃၀ ခန့်တွင် ဖြစ်တည်လာခြင်း ဖြစ်ပါသည်။ 

Molecular Biology & Genetic Engineering နည်းစဉ်တို့ဖြင့်   စိတ်ကြိုက်ပုံစံ  ရွေးချယ်တည်ဆောက် ထားသည့် Mutant (GMO) တို့၏ စွမ်းပကားထင်ရှားသည့် သာဓကမှာ ၁၉၂၉ ခုနှစ် Alexander Fleming ၏ Penicillium notatum အသုံးပြု၍ ပင်နယ်ဆလင်ဒြပ်ပေါင်း (Penicillin) ထုတ်ယူနိုင်မှုသည် 2 IU/mL (0.0012 g/L) သာ ပြင်းအား ရှိခဲ့သော်လည်း နောက်နှစ်ပေါင်း ၅၀ ကျော် Molecular Biology ပညာရပ်ဖွံ့ဖြိုးတိုးတက်လာသောအခါ မျိုးစိတ် အသစ်များ စိစစ်ရွေးချယ်လာနိုင်ပြီး မျိုးစိတ်သစ် Penicillium chrysogenum သည် မူလ Penicillium notatum  မျိုးစိတ်ထက် အဆပေါင်းများစွာ (85000 IU/mL)ပြင်းအား အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ကာလရှည် သုံးစွဲလာခဲ့သည့် Biosynthetic Antibiotics များအား    ယဉ်ပါးလာသည့်ရောဂါပိုးများကို    နှိမ်နင်းရန်အတွက် Semi-synthetic Antibiotics နှင့် Novel Antimicrobials သုတေသနလုပ်ငန်းများမှာလည်း ရေရှည်စီမံချက်တစ်ခု အဖြစ် ဆက်လက်လုပ်ဆောင်နေရဦးမည်ဖြစ်ပါသည်။

ကျောင်းနှင့်စက်ရုံ ချိတ်ဆက်ပေါင်းစည်းပေးသည့် Comprehensive Education အစီအစဉ်ဇီဝနည်းပညာဘာသာရပ်သည်      အဏုဇီဝဗေဒ (Microbiology), ဇီဝဓာတုဗေဒ   (Biochemistry) နှင့် မျိုးရိုးဗီဇ (Genetics) တို့အား ကနဦးအခြေခံပြီး Academic အပိုင်းနှင့် စက်ရုံလုပ်ငန်းဌာန နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးပြုနိုင်သည့်  အသုံးချသိပ္ပံဘာသာရပ် ဖြစ်လာစေရန်အလို့ငှာ Molecular Biology, Microbiology, Biochemistry, Cell Biology, Chemical Engineering and Environmental Engineering ပညာရပ်ပေါင်းစုံတို့၏   အနှစ်သာရများ       စုစည်းတည်ဆောက်ရပါသည်။     Manufacturing နှင့် Services စက်မှုလုပ်ငန်းနှစ်မျိုး၏ လိုအပ်ချက် သုတေသနအဖြေ ထုတ်ပေးနိုင်စွမ်းရှိသော    ပညာရပ်ဝန်းကြီးလည်း ဖြစ်ပါသည်။ 

မြန်မာနိုင်ငံရှိ  များပြားလှစွာသော Agricultural byproducts & wastes များအား Fermentation substrates အဖြစ်    အလေအလွင့်မရှိစေဘဲ  အသုံးချနိုင် သည့်   ပညာရပ်ဖြစ်သကဲ့သို့  Agroindustries များ ပေါ်ပေါက်လာရန်   အထောက်အကူဖြစ်စေသည့်အပြင် ပညာရေးဘက်တွင်လည်း Autonomous University/ Institutes များ ရေရှည်ရပ်တည်နိုင်ရန်မှာ စက်ရုံလုပ်ငန်း ဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးလှသည်။ စက်ရုံလုပ်ငန်းများသည် ၎င်းတို့၏ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော Competitive Production Process(es) for Novel or Modified Products များ ထုတ်လုပ်လာနိုင်သည့်အပြင်   ပြဿနာတစ်စုံတစ်ခု အတွက် အဖြေရှာပေးခြင်း (Solutions) လုပ်ငန်းများ ကိုလည်း      နှစ်ဦးသဘောတူ Contract စနစ်ဖြင့် ဆောင်ရွက်လာနိုင်ပါက University-Industry Collaboration များလည်း ပေါ်ပေါက်လာမည်ဖြစ်ပါသည်။

၎င်းအပြင် ဘွဲ့ကြိုအင်ဂျင်နီယာကျောင်းသားများ Basic Courses အလွန် ဘွဲ့ယူမည့်နှစ်အထိ သုံးနှစ် ဆက်တိုက် စက်ရုံလုပ်ငန်းဌာနများတွင် အလုပ်သင် (Apprentice) အဖြစ် တစ်နှစ်လျှင် နှစ်လ၊ သုံးလ လက်တွေ့ Project အဆင့်တစ်ဆင့်စီ  စက်ရုံတစ်ရုံတည်းတွင် Senior Engineers များ၏ကြီးကြပ်မှုဖြင့်   သင်ယူရန် မဖြစ်မနေ စီစဉ်ပေးရန် အထူးလိုအပ်ပါသည်။ ယင်း Project report အပေါ်   စိစစ်အမှတ်ပေးခြင်းနှင့် အလုပ်သင် ကာလတစ်လျှောက် Professional conduct & performance တို့အပေါ် အင်ဂျင်နီယာ အလုပ်အကိုင် ရရှိရေးအခွင့်အလမ်းသည် တည်မှီနေပါသည်။

၂၁ ရာစုနှစ် ဇီဝနည်းပညာ၏ တိုးတက်မှုများ

မျိုးရိုးဗီဇအင်ဂျင်နီယာဖွံ့ဖြိုးလာမှု    (Genetic Engineering’s Advances)၊   ဇီဝပစ္စည်းထုတ်လုပ်သော Bioreactors ဒီဇိုင်းများဖွံ့ဖြိုးလာမှု (Bioreactor Design Development)၊ ထုတ်လုပ်မှုဇီဝနည်းစဉ်စနစ်များအား ကွန်ပျူတာထိန်းချုပ်စနစ်သို့ ဖွံ့ဖြိုးလာခြင်း (Operational Conventional Control Switched to Computer-aided System Control Through Dynamic Modelling of Fermentation Processes) တို့နှင့် ပေါင်းစည်းထားသော ဇီဝနည်းစဉ်အင်ဂျင်နီယာပညာရပ် (Integrated Bioprocess Engineering) သည် ဗိုင်းရပ်စ် (Viruses)၊ ဗက်တီးရီးယား (Bacteria)၊ တစေး (Yeasts)၊ မှို (Fungi)၊ ရေညှိရေမှော် (Algae)၊ အပင်နှင့် တိရစ္ဆာန်တို့၏ ဆဲလ်နှင့် တစ်သျှူးများ၊ အင်ဇိုင်းများ (Cells and Tissues of Higher Plants and Animals, and their Enzymes) ကို  အသုံးပြုခဲ့ရာမှ ယခုအခါ မျိုးမတူသည့် အဏုဇီဝပိုး (Microbes) နှစ်မျိုး ကို ဗီဇပေါင်းစည်းခြင်း (Gene Cloning) နည်းဖြင့် ပေါင်းစပ်၍      ကာကွယ်ဆေးထုတ်လုပ်ခြင်း (e.g. Hepatitis-B Vaccine)၊ ပင်မဆဲလ် (Stem Cells, e.g. iPS Cells) နှင့် အစွမ်းထက်လှသည့် Nanoparticles တို့ကို ကိုင်တွယ်အသုံးပြုလျက်          ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးခြင်း (Implants of Vital Human Body Parts)၊  ရောဂါကုသ/ ရှာဖွေသည့် နည်းစနစ်သစ်များဖြင့် လက်ရှိ လည်ပတ်နေသော Biotech Industries ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အနာဂတ်ထုတ်ကုန်ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာအသစ်၊ ဝန်ဆောင်မှုလုပ်ငန်းသစ်များ ဖွံ့ဖြိုးလာ စေရန် အလို့ငှာ ဇီဝနည်းစဉ်အင်ဂျင်နီယာဘာသာရပ်၏ အခန်းကဏ္ဍသည် များစွာအရေးကြီးလှသည်။ 

၎င်းအပြင် ချေဖျက်ရန်ခက်ခဲသော မြို့ပြနှင့် စက်ရုံ စွန့်ပစ်ပစ္စည်းများ၊ စက်ရုံစနစ် အတွင်းပိုင်း (e.g. Highly Purified Water Pipeline အတွင်း တွယ်ကပ်ပေါက်ဖွားနေ သည့် Biofilm Growth Plaques နှင့် အခြား Contaminants) ပြဿနာတို့ကို ဖြေရှင်းပေးနိုင်မည့် Environmental Management နည်းလမ်းသစ်များကို ရှာဖွေဖော်ထုတ်ပေးမည်ဖြစ်ပါသည်။    

ဇီဝနည်းပညာထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ Updates
ဆေးဝါး- ယခုလက်ရှိ Multiple Drug Resistance (MDR) နှင့် Extensively Drug Resistance (XDR) (ရောဂါပိုးတို့၏ ဆေးယဉ်ပါးမှုပြဿနာ) အတွက် ပဋိဇီဝ ဆေးသစ်များ၊ Monoclonal Antibody (-ies) အသစ်များ၊ Specialized Biotech Products၊ Implants/Transplants ပညာရပ်များ၊ Enzymes for Pharmaceutical Use။
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု (Industrial & Domestic Wastes and Pollutants Control and Management) နည်းသစ်များ။           ။

 

1