ဇူလိုင် ၃ ရက်တွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၀၆ ဦး ရှိသွားပြီ

နေပြည်တော် ၃ ဇူလိုင်

 

ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၀၆ ဦး  ရှိသွားပြီဖြစ်ကြောင်း၊   ထပ်တိုး လူနာ နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

 

ရောဂါပိုးတွေ့ရှိသူ  ၃၀၆ ဦးအနက် သေဆုံးသူ ခြောက်ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတော့သူ ၂၃၇ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၂၁၉ ဦးနှင့် ဇူလိုင် ၂ ရက်နေ့လယ် ၁၂ နာရီမှ ဇူလိုင် ၃ ရက်နေ့လယ် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၆ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။ 

 

သတင်းစဉ်