ဇူလိုင် ၄  ရက်တွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ ခုနစ်ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၁၃ ဦး ရှိသွားပြီ

နေပြည်တော် ၄ ဇူလိုင် 

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ခုနစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၁၃  ရှိသွားပြီဖြစ်ကြောင်း၊   ထပ်တိုးလူနာ  ခုနစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ တစ်ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှ နှစ်ဦး၊ အင်းစိန်မြို့နယ်မှ တစ်ဦး၊ တိုက်ကြီးမြို့နယ်မှ နှစ်ဦးနှင့် တောင်ဥက္ကလာပမြို့နယ်မှ တစ်ဦး ဖြစ်ကြောင်း၊ ၎င်းတို့သည် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သုံးဦး၊ လာအိုနိုင်ငံမှ တစ်ဦး၊ ထိုင်းနိုင်ငံမှ တစ်ဦးနှင့် စင်ကာပူနိုင်ငံမှ တစ်ဦး စုစုပေါင်း  ခုနစ်ဦး ဖြစ်ကြောင်း သိရသည်။

 

ရောဂါပိုးတွေ့ရှိသူ  ၃၁၃ ဦးအနက် သေဆုံးသူ ခြောက်ဦး၊  ပိုးမတွေ့ရှိတော့သူ ဦးရေ ၂၄၀ ၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၂၆ ဦးနှင့် ဇူလိုင် ၃ ရက်နေ့လယ် ၁၂ နာရီမှ ဇူလိုင် ၄ ရက်နေ့လယ် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၃ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။  

 

သတင်းစဉ်