ဇူလိုင် ၆  ရက်တွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ သုံးဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၁၆ ဦးရှိပြီ

နေပြည်တော်  ၆ ဇူလိုင်

 

ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၁၆ ဦးရှိသွားပြီ ဖြစ်ကြောင်း၊   ထပ်တိုးလူနာ  သုံးဦးမှာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ တစ်ဦး၊ တောင်ဒဂုံမြို့နယ်မှ တစ်ဦးနှင့် စမ်းချောင်းမြို့နယ်မှ တစ်ဦးဖြစ်ပြီး ၎င်းတို့သုံးဦးစလုံး ယူအေအီးမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

 

ရောဂါပိုးတွေ့ရှိသူ  ၃၁၆ ဦးအနက် သေဆုံးသူ  ဦး၊  ပိုးမတွေ့ရှိတော့သူ ၂၄၅ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၂၂၈ ဦးနှင့် ဇူလိုင် ၅ ရက် မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၆ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့် လူနာအသစ် ၂၉ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

သတင်းစဉ်