ကျား၊မအခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှု ဆိုင်ရာသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၁၇

 

Helpline တာဝန်ကျဝန်ထမ်းများအား “ကျား၊မအခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များဖြေရှင်း ဆောင်ရွက်မှု ဆိုင်ရာ သင်တန်း(၁/၂၀၂၂)” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က  လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်ရွယ်များအပေါ် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ခြင် ၊ တားဆီးခြင် နှင့် တုံ့ပြန်မှုပေးခြင်းတို့ကို သက်ဆိုင်ရာ အစိုးရဌာနနှင့်အစိုးရအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျား၊မ အခြေပြု အကြမ်းဖက်ခြင်းအထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အချိန်နှင့်နေရာ မရွေးဖြစ်ပွားနိုင်ကြောင်း၊ အကြမ်းဖက်မှု ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် တုံ့ပြန်ကာကွယ်မှုပေးရန်လည်း လိုအပ်ကြောင်း။

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် (၂၄)နာရီ Helpline ဝန်ဆောင်မှုကိုထားရှိပြီး တိုင်ကြားစာများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဇန်နဝါရီလမှစတင်၍ ဖုန်းဖြင့်တိုင်ကြားမှုအပြင် နည်းလမ်းမျိုးစုံတိုင်ကြားနိုင်ရေးအတွက် Viber နှင့် Facebook Page များတည်ထောင်ကာ  စာတိုပေးပို့တိုင်ကြားနိုင်ရေးကိုလည်း စီစဉ်ထားရှိကြောင်း။  

 

အကြမ်းဖက်ခံရသည့်ဖြစ်စဉ် တိုင်ကြားမှုကိုလက်ခံရရှိသည်နှင့် တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ရန် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသော Case Manager များက အကြမ်းဖက်ခံရသူများနှင့် တွေ့ဆုံပြီး လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် Case Management Process နှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း။

 

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် Helpline ဖုန်းများသို့ စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ တိုင်ကြားလာသည့် Case ပေါင်း(၁၇၁၉)ရှိပြီး ယင်းတို့အနက် GBV Case  (၁၀၈၀)မှုနှင့် အခြားCase (၆၄၉)မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကား ပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား(၂၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၇ ရက်မှ ၁၈ ရက်အထိဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)