ကြာအင်းဆိပ်ကြီးမြို့နယ်၌ မိုးနှမ်း စမုံနက်မျိုး အောင်မြင်ဖြစ်ထွန်း

ကြာအင်းဆိပ်ကြီး ၁ ဒီဇင်ဘာ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေး အဓိကထား လုပ်ကိုင်လျက်ရှိပြီး ယခုမိုးရာသီကာလ၌ မိုးနှမ်း စမုံနက်မျိုးကို စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အသီးအထွက်နှုန်းမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မိုးနှမ်းစမုံနက်မျိုး အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်လျက်ရှိသည့် ရသေ့ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာမှ တောင်သူ စောကိုကိုဝင်း၏ GAP စိုက်ပျိုးရေး အလေ့အကျင့်ကောင်းဖြင့် စိုက်ပျိုးထားရှိသည့် မိုးနှမ်း စမုံနက်မျိုး (၅)ဧကစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကာ KPC ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စိုက်ပျိုးရေးအသင်းသား ဒေသခံတိုင်းရင်းသားတောင်သူများက လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)