ကာဂျစ္စတန်မြို့တော်တွင် ဆန္ဒပြသမားများနှင့် လုံခြုံရေးအရာရှိများ ပဋိပက္ခဖြစ်ပွား လူ ၁၆ ဦး ဒဏ်ရာရ

၆ အောက်တိုဘာ

 

ကာဂျစ္စတန်မြို့တော်တွင် ယန်နေ့ကကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲ ရလဒ်များကို ဆန့်ကျင်ဆန္ဒပြရာမှ  ဆန္ဒပြသူများနှင့် လုံခြုံရေးအရာရှိများအကြား ပဋိပက္ခများ ဖြစ်ပွားသဖြင့် လူ ၁၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။

 

အဆိုပါ ဆန္ဒပြမှုသည် ဘီရှကက်မြို့လယ်တွင် ယမန်နေ့ နံနက် ၁၂ ခန့်က စတင်ဖြစ်ပွားခဲ့သည်။

 

ထိုဆန္ဒပြပွဲတွင် ပါဝင်သူများ၊ ရှုံးနိမ့်သွားသောပါတီများ၏ ခေါင်းဆောင်များသည် ပါလီမန်ရွေးကောက်ပွဲမှ မဲရလဒ်များကို ပယ်ဖျက်ပေးရန် အာဏာပိုင်များထံ တောင်းဆိုခဲ့ကြသည်။

 

ညနေပိုင်းတွင် ဆန္ဒပြသူအချို့သည် ရင်ပြင်အနီးရှိ ပါလီမန်အဆောက်အအုံသို့ ရွှေ့ပြောင်းခဲ့ကြပြီး ခြံစည်းရိုးကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြသည်။

 

ထို့နောက် ရဲအရာရှိများသည် မျက်ရည်ယိုဗုံး၊ လက်ပစ်ဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ဆန္ဒပြသမားများကို လူစုခွဲခဲ့ကြသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ပါလီမန်အမတ် ဇာနာ အာကာရိဗ်နှင့် ရဲအရာရှိနှစ်ဦးအပါအဝင် လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့များသည် ထိုနယ်မြေကို ရှင်းလင်းရေးလုပ်ဆောင်ပြီး ဆန္ဒပြသမားများကို မြို့လယ်မှ မောင်းထုတ်လျက်ရှိသည်။

 

ကာဂျစ္စတန်နိုင်ငံတွင် အောက်တိုဘာ ၄ ရက်နေ့က ပါလီမန်ရွေးကောက်ပွဲကျင်းပခဲ့ရာ ပါလီမန်အမတ်နေရာ ၁၂၀ အတွက် နိုင်ငံရေးပါတီ ၁၆ ခုမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၁၉၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို