ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

 

ကျောက်ဆည် အောက်တိုဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် နာရီခွဲက စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် ဖျောက်ဆိပ်ပင်၊ သံရွာ၊ မင်းစု၊ စမာ၊ ဒွေးလှ တိုက်နယ်ဆေးရုံများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ပတ်သတ်သည့် အသိပညာပေးခြင်းများ ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယအသုတ် (ပထမအကြိမ်)အဖြစ် သံဃာတော်နှင့် သီလရှင် (၇၁)ပါး၊ အစိုးရကျန်းမာရေးဝန်ထမ်း ()ဦး၊ ပုဂ္ဂလိကကျန်းမားရေးဝန်ထမ်း ()ဦး၊ လူမှုရေးအဖွဲ့ဝင်(၁၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၃၁၃)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၁၅၉)ဦး၊ ပို့ဆောင်ရေးလုပ်ကိုင်နေသူ (၁၁၈)ဦး၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ (၁၃)ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ (၁၈)ဦး၊ အချုပ်သား ()ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း ()ဦး၊ ပို့ကုန်/သွင်းကုန်နှင့် ကုန်ပစ္စည်း သိုလှောင်ရေးလုပ်ကိုင်သူ (၂၇)ဦး၊  အခြားဝင်ငွေရရှိသောလုပ်ငန်း လုပ်ကိုင်သည့်ပြည်သူ (၆၄၁၁)ဦး၊ စားသောက်ကုန်ပစ္စည်းရောင်ချခြင်း လုပ်ငန်း လုပ်ကိုင်နေသူ(၂၆)ဦး၊ မှီခိုပြည်သူ (၃၂၇၃)ဦးနှင့် မသန်းစွမ်းသူ(၁၅)ဦး စုစုပေါင်း (၁၀၄၇၇)ဦး ထိုးနှံပေးပြီးကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)