ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စုအတွင်း ကျေးရွာခွဲ နှစ်ရွာရှိ ဒေသခံပြည်သူအချို့အား အခြေခံစားသောက်ကုန်များ လှူဒါန်း

ကျောက်ကြီး ၁၂  အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာနှင့် မအူပင်ဆိပ်ကျေးရွာတို့ရှိ အခြေခံလက်လုပ်လက်စားပြည်သူအချို့အား  ယနေ့ နံနက် ၉ နာရီက အခြေခံစားသောက်ကုန်များ ပေးလှူခဲ့ကြောင်းသိရသည်။

 

အဆိုပါလှူဒါန်းမှုအား ရွှေခရီး(စက်သုံးဆီအရောင်းဆိုင်)၊ Good Health (သောက်ရေသန့်စက်ရုံ)ပိုင်ရှင် ဦးလွင်ဘိုဘိုကျော်-ဒေါ်ဝေဝေဖူး၊  သား မောင်သုစစ်သွေး မိသားစုက လှူဒါန်းပေးခြင်းဖြစ်ပြီး အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်(၈)ပြည်အိတ်၊ ရေသန့် ၁ လီတာ (၆) လုံးကတ်၊ ကြက်သွန်နီ (၅၀) သား၊ ဆီ ၁ လီတာဘူး၊ ဆား (၅၀) သားထုပ်ကို ဒေသခံပြည်သူ အိမ်ထောင်စု (၁၀၁) စုကို ပေးလှူခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်သည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို လက်ဆေးပေးခြင်း၊ နှာခေါင်စီး (Mask) အခု (၃၀၀) ကို အခမဲ့ ဖြန့်ဝေးပေးခြင်းများ ဆောင်ရွက်ပြီး ကျေးရွာရာအိမ်မှူးနှင့် ကျေးရွာလူငယ်များ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)