ကျောက်ကြီးမြို့နယ်၌ စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မိုးစပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသ

 ကျောက်ကြီး ဇူလှိုင်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကြောင့် တောင်သူများ ဆုံးရှုံးနစ်နာမှု ပြန်လည်ကုစားရေး၊ အစီအစဉ် CERP အရ ၂၀၂၀ မိုးစပါးမျိုးသန့်၊ မျိုးစေ့ထုတ်(RS-CS)စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက် စွမ်းရည်ပြပွဲကို ဇူလိုင် ရက် နံနက် နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု ရှိ ကွင်းအမှတ်(၇၂) ဦးပိုင်အမှတ်(၂၂) တောင်သူ ဦးမောင်မြင့်၏ လယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်သူများ မိုးစပါးအထွတ်နှုန်းများ တိုးတက် လာစေရန်ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကောက်စိုက်စက်အသုံးပြု မိုးစပါးလက်တွေ့ စိုက်ပျိုးပြသခြင်းဖြစ်ပြီး တောင်သူများအနေဖြင့် စပါးထွန်ယက် စိုက်ပျိုးချိန်ကာလအတွင်း အခက်အခဲများရှိပါက စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ပစ္စည်းများ ငှားရမ်းအသုံးပြုနိုင်ကာ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများအား ပြေလည်စေမည်ဖြစ်သည်။

ကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့ စိုက်ပျိုးပြသရာသို့ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ စက်မှုလယ်ယာဦးဌာန ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများ၊ မြို့နယ် လယ်/စီ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြပြီး ကောက်စိုက်စက် အသုံးပြုစိုက်ပျိုးမည်ဆိုပါက မျိုးစေ့တစ်ဧက ၁၀ ပြည်မှ ၁၂ ပြည်ခန့်သာ ကုန်ကျသဖြင့် မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လုပ်အားခသက်သာခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆန့်မှုတိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း စသည့်ကောင်းကျိုးများရရှိမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင် ပြောကြားချက်အရ သိရသည်။

ကိုသားကြီး( ကျောက်ကြီး)

 

IMG_20200704_102343

 

IMG_20200704_101917

 

IMG_20200704_100633