ကော့ကရိတ်မြို့ အာရှလမ်းမကြီးနှင့် မြို့အဝင်လမ်းဆုံတွင် မြို့သာယာလှပရေး အထင်ကရ အဖြစ်ကြာပန်းဝိုင်း ဆောက်လုပ်လျက်ရှိ

ကော့ကရိတ်  ၂၈   နိုဝင်ဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အထင်ကရအဖြစ် အာရှလမ်းမကြီးနှင့် မြို့အဝင်လမ်းဆုံရှိ ကြာပန်းဝိုင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မ ှ(၂၀၁၉-၂၀၂၀) ဘဏ္ဏာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကြာပန်းသည် ကော့ကရိတ်မြို့ အထင်ကရအဖြစ် အာရှလမ်းမကြီးနှင့် မြို့အဝင်လမ်းဆုံတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကရင်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ (၂၀၁၉-၂၀၂၀) ဘဏ္ဏာရေးနှစ် ငွေကျပ်(၃၅)သန်းဖြင့် ဆောက်လုပ်လျက်ရှိရာ ယခုတွင် (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ကြောင်း ကော့ကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)